
Facebook ပေါ်မှာ Post တင်တဲ့အခါမျိုးတွေမှာ ကိုယ်နဲ့ Friend မဟုတ်တဲ့ သူတွေ Comment လာပေးလို့ မရဘူးအောင်ဆိုရင် Privacy မှာ Friends တို့ Friends Except တို့နဲ့ တင်ကျတာများပါတယ်။ ဒီလို Post တင်တဲ့ အခါမှာတော့ ကိုယ်တင်လိုက်တဲ့ Post က ကိုယ်နဲ့ Friend ဖြစ်နေတဲ့ သူတွေပဲ တွေ့ပြီး Comment ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီအချက်ကိုတော့ လူတော်တော်များများက သိပြီး လက်ရှိမှာလည်း ဒီနည်းလမ်းနဲ့ Post တွေတင်ကြတာကိုလည်း တွေ့ရပါတယ်။
ဒါကြောင့် ဒီတစ်ခေါက်ဖော်ပြပေးသွားမှာက အကြောင်းအရာ (၂) ခုဖြစ်ပါတယ်။ ပထမ အကြောင်းအရာကတော့ ကိုယ်က Public နဲ့တင်ထားတဲ့ Post ကို ကိုယ်နဲ့ Friend ဖြစ်နေတဲ့သူတွေကပဲ Comment ဝင်ပေးလို့ရအောင်လုပ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနေရာမှာ ကပ်ဖဲ့ပြီးပြောနိုင်တဲ့ ပြောစရာ အချက်တစ်ချက်ရှိပါတယ်။ ဒါကတော့ “အပေါ်ကလို Privacy ကို Friends လုပ်ပြီးတင်လေ” ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကတော့ Post တင်တဲ့ အခါမှာ Privacy ကို Friends လုပ်ပြီးတင်ရင် ကိုယ့် Friend တွေသာ မြင်နိုင်မယ့် Comment ပေးနိုင်မှာဖြစ်ပြီး အခုပြောပြပေးသွားမယ့် အကြောင်းအရာကတော့ Post တင်တဲ့ အခါမှာ Public နဲ့မြင်နိုင်ပြီး ကိုယ်နဲ့ Friend မဖြစ်နေတဲ့သူတွေက Comment လာပြီး ပေးလို့မရအောင်လုပ်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်…
အဆင့် (၁)
ကိုယ့်ရဲ့ Facebook Account ကို PC မှာ Login ဝင်လိုက်ပါ။ ညာဘက်အပေါ်ထောင့်မှာရှိတဲ့ Account ဆိုတဲ့ Button ကို နှိပ်ပါ။
အဆင့် (၂)
Settings & Privacy ကိုရွေးပါ။
အဆင့် (၃)
Setting ကိုရွေးပါ။
အဆင့် (၄)
Public Post ကိုရွေးပါ။
အဆင့် (၅)
Public Post Comments ဆိုတာကိုရွေးပြီး Who can comment on your public posts? ရဲ့ Drop-down Menu မှာ Friends ဆိုတာကို ရွေးပေးလိုက်ပါ။
ဒီအချက်တွေကို လုပ်ဆောင်ပြီးရင်တော့ သင်တင်တဲ့ Public Post တွေကို သင်နဲ့ Friend ဖြစ်နေတဲ့သူတွေသာ Comment ပေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။
ဖော်ပြမယ့် ဒုတိယ အကြောင်းရာကတော့ သင်တင်တဲ့ Public Post ကိုတစ်ခုချင်းစီရွေးပြီး Comment ပိတ်ထားနိုင်မှာကို ဖော်ပြပေးပါမယ်…
အဆင့် (၁)
Public Post ရဲ့ ညာဘက်နားက အစက်သုံးစက်ကို နှိပ်ပါ။
အဆင့် (၂)
Who can comment on your post ကိုနှိပ်ပါ။
အဆင့် (၃)
Profiles and Pages you mention ဆိုတာကို နှိပ်ပါ။ ဒီအချက်တွေကို လုပ်ပြီးသွားပြီ ဆိုရင်တော့ သင့်ရဲ့ Friend တွေပါ အဲ့ဒီ Post ကို Comment ပေးလို့မရတော့ပါဘူး။
ဖော်ပြပေးခဲ့တဲ့ အကြောင်းအရာတွေကို သိပြီးသားသူတွေအတွက်က ကျော်သွားနိုင်ပြီး မသိသေးတဲ့ သူတွေအတွက်ကတော့ အကျိုးဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။