22 Dec 2020
ဒီတစ်ခေါက်မှာတော့ လူငယ်တွေကြားမှာ အသုံးများနေတဲ့ App တစ်ခုဖြစ်တဲ့ Snapchat နဲ့ပတ်သတ်တဲ့ အကြောင်းအရာ အချို့ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဒါကတော့ Snapchat အပေါ်မှာ ဘယ်လောက် စိတ်ဝင်စားမှုရှိပြီး ဘယ်လောက်တောင်မှာ အသုံးပြုလာကြလဲဆိုတဲ့ Consumer Behavior နဲ့ Stats အချို့ ကိုဖော်ပြသွားမှာပဲ ဖြစ်ပါတယ်…
၆၀ ရာခိုင်းနှုန်းသော Snapchat User တွေကတော့ App အတွင်းမှာရှိတဲ့ အရာတွေကို ဝယ်ယူမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အခြားသော Mobile Video Ads တွေထက် Snapchat Commercial တွေဟာ ၅ ဆ အထိ Awareness ရရှိခဲ့ပါတယ်။
April 2020 စစ်တမ်းအရ Snapchat ကိုအသုံးပြုတဲ့ တစ်ယောက်ချင်း ပျှမ်းမျှကြာချိန်ကတော့ တစ်ရက်ကို ၄.၃ နာရီခန့် ရှိပါတယ်။
2020 မှာ Snapchat ရဲ့ Daily Active User အရေအတွက်ဟာဆိုရင်လည်း 249 Million အထိရှိတာကို တွေ့ရပါတယ်။
Snapchat မှာ Video ဖန်တီးမှုပြုလုပ်မှုနှုန်းဟာလည်း ပျှမ်းမျှအားဖြင့် တစ်ရက်ကို 4 Billion အထိရှိပါတယ်။
Snapchat TV Show ၆၀ ခုမှာဆိုရင်လည်း ပျှမ်းမျှအားဖြင့် တစ်လကို ကြည့်ရှုသူ 100 Million အထက်မှာ ရှိတာကိုလည်း တွေ့ရပါသေးတယ်။
ဒီအချက်တွေကတော့ လက်ရှိအချိန်မှာ Snapchat အပေါ်ကို လူတွေဘယ်လောက် စိတ်ဝင်စားပြီး ဘယ်လောက်တောင် အသုံးပြုနေကြလဲဆိုတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။