ယနေ့ခေတ်မှာ လုပ်ငန်းတော်တော်များများ Social Media တွေမှာ ပုံစံအမျိုးမျိုးနဲ့ ကြော်ငြာနေကြပါတယ်။ ကိုယ့်လုပ်ငန်းအကြောင်းကို Social Media ပေါ်မှာ ကြော်ငြာတဲ့အခါ Content က အရေးကြီးဆုံး ဖြစ်ပါတယ်။ Content တွေရေးတဲ့အခါမှာ တစ်ခါတစ်လေ ဖြစ်လေ့ရှိတဲ့ ပြသနာက ဘယ်လို Content တွေ ရေးရမလဲဆိုတာ စဉ်းစားလို့ Idea မရတာမျိုးဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ဒီတစ်ပတ်မှာတော့ Social Media များအတွက် Content Idea တွေရရှိဖို့ တင်ဆက်ပေးလိုက်ပါတယ်။
၁။ Discount တွေ Promotion တွေ တင်ပါ
Discount တွေ Promotion တွေဆိုတာ လူတိုင်းကြိုက်နှစ်သက်မယ့် အစီအစဉ်တစ်ခုဖြစ်ပါတယ်။ သင့် Brand နဲ့ဆိုင်တဲ့ Discount တွေ Promotion တွေ တင်နိုင်ပါတယ်။
၂။ သင့်ရဲ့ပရိတ်သတ်ကို မေးခွန်းတွေမေးပါ
ဒီနည်းလမ်းကလည်း ပရိသတ်ရဲ့ အကြိုက်ကိုသိဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ။ ပရိသတ်အကြိုက်သိဖို့လည်း လိုအပ်တယ်နော်။
၃။ မှတ်သားဖွယ်ရာ Quote တွေတင်ပါ
Quote လို့ခေါ်တဲ့ အဆိုအမိန့်တွေဟာလည်း လူတွေအပေါ် အတော်အသင့် လွှမ်းမိုးနိုင်ပါတယ်။ သင့် Brand နဲ့လိုက်ဖက်မယ့် Quote တွေ Google မှာရှာဖွေနိုင်ပါတယ်။
၄။ Customer ရဲ့ မေးခွန်းတွေကို ပြန်ဖြေတဲ့ အဖြေတွေတင်ပါ
ဒီနည်းကလည်း ရိုးရိုးလေးနဲ့ အတော်ထိရောက်တဲ့နည်းပါပဲ။ Customer တွေရဲ့ မေးခွန်းတွေကိုစုစည်းပြီး အဖြေတွေပြန်တင်ခြင်းကြောင့် Customer တွေအပေါ် လေးစားမှုရှိကြောင်း ဖော်ပြသလို Customer တွေကလည်း သင့် Brand အပေါ်တန်ဖိုးထားမှု မြင့်တက်လာမှာပါ။
၅။ သင့်လုပ်ငန်းနယ်ပယ် နဲ့ဆိုင်တဲ့ ဆောင်းပါးတွေတင်ပါ
လုပ်ငန်းတိုင်းလုပ်ငန်းတိုင်းမှာ နယ်ပယ်အလိုက် ပြောင်းလဲမှုတွေ ရှိစမြဲပါ။ သင့်လုပ်ငန်းနယ်ပယ်နဲ့ဆိုင်တဲ့ ဆောင်းပါးတွေတင်ခြင်းဖြင့် လုပ်ငန်းအပေါ် ယုံကြည်မှုတိုးစေနိုင်ပါတယ်။
၆။ သင့်လုပ်ငန်းရဲ့ Behind The Scenes တွေတင်ပါ
လုပ်ငန်းတိုင်းမှာ Behind The Scenes တွေရှိပါတယ်။ အထူးသဖြင့် ကုန်ထုတ်လုပ်ငန်းတွေမှာ ပိုရှိတတ်ပါတယ်။ သင့်လုပ်ငန်းသာ ဂစ်တာထုတ်လုပ်တဲ့ စက်ရုံဖြစ်နေရင် သာမန် ဂစ်တာအရောင်း Post ထက် ဂစ်တာတစ်လုံးထုတ်လုပ်ပုံ အဆင့်ဆင့်က ပရိတ်သတ်ကို အသေအချာ ဖမ်းစားနိုင်မှာပါ။
Ref: MobileMoney