Content Marketing နဲ့ Content Strategy နှစ်ခုဟာတူညီတယ်လို့ထင်ပါသလား ဒီနေ့မှာ Content Marketing နဲ့ Strategy ရဲ့ခြားနားချက်တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 

 

Content Marketing မှာပါဝင်နေတာတွေကတော့ …

 

Engagement ကောင်းကောင်းရဖို့အတွက် Content Creation လုပ်ပြီး Awareness ပိုမိုရရှိဖို့အတွက်လည်း Content ကောင်းတွေနဲ့ဆွဲဆောင်ဖန်တီးခြင်း

 

အလားအလာရှိတဲ့ Channel တွေကနေတစ်ဆင့် Content တွေကိုဖြန့်ဝေပြီး ROIs ပိုမိုရရှိဖို့ အတွက်ထောက်ပံ့ပေးခြင်း 

 

Content တွေဖန်တီးပြီး Customer relationship ကောင်းရရှိစေခြင်း စတာတွေပဲဖြစ်ပါတယ်။

 

Content Strategy မှာပါဝင်တာတွေကတော့ …

 

Product နဲ့ Service တွေအတွက် လိုအပ်ချက်နဲ့အညီ Content တွေကို စီစဥ် ဖန်တီး မှုပြုလုပ်ပေးခြင်း

စျေးကွက်နဲ့ Business goal အပေါ်မူတည်ပြီး Content တွေကိုဖန်တီးခြင်း

 

Content တွေဖန်တီးဖြန့်ဝေမှုတဲ့အခါမှာလဲ စောင့်ကြည့်လေ့လာပြီး Response တွေကိုပြန်လည်သုံးသပ်ခြင်း

 

Content Performance တွေကိုအကဲဖြတ်ပြီးနောက်လာမဲ့ Content တွေဖန်တီးရာမှာအသုံးပြုဖို့အတွက် ထိန်းသိမ်းထားရှိခြင်း တို့ပဲဖြစ်ပါတယ်။

 

အချုပ်ဆိုရရင် Content Marketing ဆိုတာကတော့ ဝယ်လိုအားကိုရောင်းအားအဖြစ်ဘယ်လို Content တွေဖန်တီးရမလဲကိုသေချာသိပြီးသားဖြစ်ပြီး Content Strategy ဆိုတာကတော့ Business ပေါ်မူတည်ပြီး Content တွေကိုဖန်တီးထုတ်လုပ်ရတာဖြစ်ပါတယ်။မည်သို့ပင်ဆိုစေကာမူ နှစ်ခုလုံးက ထိရောက်တဲ့ Business ဖြစ်လာဖို့အတွက် လိုအပ်ပြီး ရောင်းအားတိုးတက်ပြီး နဲ့  Business ချဲ့ထွင်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။

 

Leave a Reply

social sharing buttons