logo
myanmar
Content Writing ကဘယ်လောက်ထိ Effective ဖြစ်လဲ?

Content Writing ကဘယ်လောက်ထိ Effective ဖြစ်လဲ?

06 Nov 2022

နည်းပညာဖွံဖြိုးတိုးတက်လာတဲ့ခေတ်ကြီးထဲမှာ Business တော်တော်များများဟာ Digital Marketing နဲ့ပါလုပ်ကိုင်လာကျပါပြီ။ ဒီတော့ Content တွေဟာလည်း Digital Marketing မှာမရှိမဖြစ်လိုအပ်တဲ့အရာ တစ်ခုလို့လဲပြောလို့ရပါတယ်။ Content Writing နဲ့ Copywriting နှစ်ခုဟာရေးသားတဲ့ရည်ရွယ်ချက် အပေါ်မူတည်ပြီးများစွာခြားနား ပါတယ်။ Copywriting ဆိုတာကတော့ Promotional Advertising ဒါမှမဟုတ် Marketing စတာတွေ အတွက်ရေးသားတဲ့နည်းလမ်းဖြစ်ပါတယ်။ Content Writing ကတော့ကိုယ့်ရဲ့ Online မှာရှိတဲ့ Audience တွေကိုဖျော်ဖြေဆွဲဆောင်ဖို့အတွက်ရေးသားတာဖြစ်ပါတယ်။ ဒါမှသာလူမှုကွန်ယက်ပေါ်မှာမိမိရဲ့ကုန်အမှတ်တံဆိပ်အပေါ်စိတ်ဝင်စားမှုကိုရေရှည်ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ Copywriting ထဲမှာ Content Writing ကပါဝင်ပက်သက်နေပါတယ်။



Audienceတွေရဲ့စိတ်ဝင်စားမှုကိုချက်ချင်းတိုးတက်လာအောင်ဆောင်ရွက်ဖို့အတွက် Content Writing ကမရှိမဖြစ်လိုအပ်ပါတယ်။ Content Writing ဆိုတာတိကျတဲ့ရည်ရွယ်ချက်နဲ့ တန်ဖိုးရှိတဲ့အကြောင်း အရာတွေကို Business, Marketing စတာတွေအတွက်ရေးသားခြင်းဖြစ်ပါတယ်။ အလားအလာရှိတဲ့ Customer တွေကိုမိမိရဲ့ကုန်ပစ္စည်း ဝန်ဆောင်မှုအကြောင်းကို Blog တွေ ဆောင်းပါးတွေ မှာဖော်ပြရေး သားပြီးဆွဲဆောင်ခြင်းလို့လဲပြောလို့ရပါတယ်။ ဈေးကွက်ကျကျကုန်ပစ္စည်းအကြောင်းအရာတွေကိုဖန်တီး ရေးသားခြင်းဟာ Content Writing အတွက်အရေးကြီးပါတယ်။



Content Writing အတွက်အရေးကြီးတဲ့ Tips တွေကတော့ Content ရေးတဲ့အခါမှာမှန်ကန်တဲ့ ရည်ရွယ်ချက် ဖွဲ့စည်းမှု ပုံစံစတာတွေကို အလေး ထားပြီးရေးရပါမယ်။ မိမိရေးတဲ့အကြောင်းအရာ ရဲ့အနှစ်သာရကိုပေါ်လွင်အောင်ရေးသားနိုင်ရပါမယ်။ မိမိရေးသားလိုတဲ့အကြောင်းအရာကိုလို ရင်းရောက်အောင်ရှင်းရှင်းလင်းလင်းဖော်ပြရေးသားရပါမယ်။ မိမိရေးသားတဲ့အကြောင်းအရာနဲ့အတူ Audience တွေနဲ့ယုံကြည်မှုကိုတည်ဆောက်ပါ။ စစ်မှန်တဲ့အသံကိုနားထောင်ပါ။ မိမိရဲ့ Brand နဲ့ပက်သက်တဲ့ ထုတ်ပြန်ချက် ဒါမှမဟုတ် အကြောင်းအရာ တစ်ခုခုရေးသားမယ်ဆိုလျင် ရှင်းရှင်းလင်း လင်းရေးသားဖို့အရေးကြီးပါတယ်။ ကိုရေးသားထားတဲ့ Content က Brand နဲ့ကွဲလွဲနေမယ်ဆိုရင်တော့ Audience Engagement Rating တောင်မှလျော့နည်းသွားနိုင်တဲ့အတွက်ကြောင့်ပါ။



ဒီအချက်ဟာ Audience တွေနဲ့ချိတ်ဆက်ဖို့အတွက်ကူညီပေးပါလိမ့်မယ်။ အသေးစိတ်ရှင်းပြ ဖို့ လိုအပ်လာလျင်လည်း အချက်အလက်တွေနဲ့တကွ ရေးသားရပါမယ်။ လူတွေအလိုအလျောက်နား လည်သဘောပေါက်လာမယ်လို့လည်းမယူဆသင့်သလို လိုက်ရှင်းပြနေစရာ လဲမလိုပါဘူး။ မိမိရေး သားတဲ့ပုံစံကိုကောင်းမွန်စွာပြင်ဆင်ပြီး Audience ရေရှည်ထိန်း သိမ်းနိုင်ဖို့အရေး ကြီးပါတယ်။ တချို့ Content တွေကအကြောင်းအရာပေါ်မူတည်ပြီး Short And Sweet ရေးလို့ရသလို၊ တချို့ Content တွေကတော့ အသေးစိတ်အချက်အလက်တိတိကျကျ ရေးသားသင့်တာတွေရှိပါတယ်။

Recent posts