logo
myanmar
Gmail ကို Shortcut Icon ထားပြီးသုံးကြမယ်

Gmail ကို Shortcut Icon ထားပြီးသုံးကြမယ်

21 Jan 2021

ကဲဒီတစ်ခေါက်မှာတော့ Internet အဓိကထားပြီး အလုပ်လုပ်ကိုင်ရတဲ့ သူတွေအတွက် အထောက်အကူ ဖြစ်စေမယ့် နည်းလမ်းလေးတစ်ခုကို ဝေမျှသွားမှာပါ ဖြစ်ပါတယ်။ ဒါကတော့ Gmail ကို Desktop ပေါ်မှာ Icon ထုတ်ပြီး အသုံးပြုနိုင်မယ့် နည်းလမ်းပါ။


ပုံမှန်အားဖြင့် Gmail တွေ အခြား Tab တွေကို Browser ပေါ်မှာ Tab တွေအများကြီး ဖွင့်ပြီး အသုံးပြုတတ်ကြပါတယ်။ Tab နည်းနည်းပဲထားပြီး အသုံးပြုတဲ့သူတွေအတွက်ကတော့ ပြဿနာ သိပ်မရှိပေမယ့် Tab တွေအများကြီးထားပြီးသုံးတဲ့ သူတွေအတွက်ကတော့ ကိုယ် Browsing လုပ်ချင်တဲ့ Tab ကိုပြန်ရှာတဲ့ အခါမှာ စိတ်ရှုပ်စရာ ဖြစ်လာတတ်ပါတယ်။ Desktop မှာသာ နေရာသပ်သပ်နဲ့ Icon ထုတ်ထားပြီး သုံးမယ်ဆိုရင် သင့်အတွက် ပိုပြီး မြန်မြန်ဆန်ဆန် ရှာဖွေနိုင်စေမှာဖြစ်ပါတယ်။ ဒါကြောင့် Browser ထဲက Gmail သာမက အခြားသော အရာတွေကိုပါ Desktop ပေါ်မှာ Shortcut Icon ထုတ်ထားနိုင်တဲ့ နည်းလမ်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်…


Step 1

Browser ထဲမှာ Gmail ကိုဖွင့်လိုက်ပါ။ ပြီးရင်ညာဘက် အပေါ်ထောင့်က အစက် ၃ စက်ကိုနှိပ်ပါ။


Step 2

အစက် ၃ စက်ကိုနှိပ်ပြီးပါက “ More Tools > Create shortcut...” ဆိုတာကို နှိပ်ပါ။


Step 3

“ Open as window ” ကိုအမှန်ခြစ်ပြီး “ Create “ Button ကိုနှိပ်ပါ။


Step 3 ခုလုံးလုပ်ပြီးသွားရင်တော့ သင့်ရဲ့ PC Desktop မှာ Shortcut Icon ထားပြီး Gmail ကိုအသုံးပြုနိုင်ပါပြီ။

Recent posts