10 Jul 2019
Business ကိုစိတ်ဝင်စားတဲ့ User တော်တော်များများ စုနေတဲ့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာ သင့်ရဲ့ Profile ကလဲ Smart ဖြစ်နေမှ သင့်တော်မှာ ဖြစ်တဲ့ အတွက် Smart ကျကျတဲ့ Profile တစ်ခုဖြစ်ဖို့ အောက်က အချက်တွေကို သိထားဖို့ လိုပါတယ်…
(၁) သင့်ရဲ့ Basic Profile ကို Update လုပ်ပေးပါ
LinkedIn User တော်တော်များများဟာ Basic Profile ကို Update လုပ်ပေးဖို့မေ့နေတတ်ကြပါတယ်။ သင်ဟာ အခုမှ LinkedIn စသုံးတဲ့သူဆိုရင်လည်း သင့်ရဲ့ အလုပ်တစ်ခုခုကိုထည့်ဖို့မမေ့ပါနဲ့ ဒါမှသင့်ရဲ့ Profile ဟာ Smart ကျနေမှာဖြစ်ပါတယ်။ ဒီအချက်ဟာ သင့် Profile အတွက် ကောင်းမွန်တဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။
(၂) Background Photo ကိုဂရုစိုက်ပေးပါ
ဒီ Background Photo ဆိုရင်လည်း Profile အတွက် တော်တော်လေးကိုအရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါသေးတယ်။ သင့်ရဲ့ Background Photo ကို Personality ဒါမှမဟုတ် Professional ဆန်ဆန်လေးတင်မယ်ဆိုရင်တော့ အကောင်းဆုံးပါ။ Background Photo ရဲ့ Size ကတော့ 1400 x 425 Resolution နဲ့ထားနိုင်ပြီး PNG, JPG နဲ့ GIF တွေကို အသုံးပြုနိုင်ပါတယ်။
(၃) LinkedIn Profile URL ကိုကောင်းမွန်စွာပေးထားပါ
သင် LinkedIn စသုံးတဲ့ အချိန်မှာ LinkedIn Profile URL ကို အဓိပ္ပါယ်မရှိတဲ့ Letters, Numbers နဲ့ Backslashes တွေကိုအသုံးပြုခဲ့မယ်ဆိုရင် ထိုအချက်တွေက နောက်ပိုင်းမှာ သင့်ရဲ့ Profile ကိုထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့်မို့ သင့်ရဲ့ LinkedIn Profile URL ကိုကောင်းမွန်စွာ မပေးခဲ့ဘူးဆိုရင်တော့ Professional ဆန်တဲ့ LinkedIn Profile URL ပြန်ပြောင်းနိုင်ပါတယ်။
အထက်ပါ အချက်တွေကို သေချာလိုက်မယ်ဆိုရင်တော့ သင့်ရဲ့ Profile ဟာ Smart ကျကျထားနိုင်ပြီး အရမ်း အခက်အခဲကြီးတွေမဟုတ်တဲ့အတွက် LinkedIn User တွေအတွက်အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။