ဒီတစ်ခေါက်မှာတော့ လူသိများတဲ့ Instant Messaging App တစ်ခုဖြစ်တဲ့ Viber မှာ ကိုယ်ပိုင် Sticker လေးတွေ ဖန်တီးသွားနိုင်မယ့် အကြောင်းအရာပဲ ဖြစ်ပါတယ်။ ဒီ Sticker လေးတွေက Personal အတွက်ပဲ ဖြစ်ဖြစ် လုပ်ငန်းအတွက်ပဲ ဖြစ်ဖြစ် စနစ်တကျ ဖန်တီးလုပ်ကိုင်သွားမယ်ဆိုရင်တော့ ပိုပြီး Perfect ဖြစ်တဲ့ Sticker လေးတွေ ရရှိနိုင်ပါတယ်။ အခုဖော်ပြသွားမှာကတော့ … ကိုယ်ပိုင် Stciker လေးတွေဖန်တီးနိုင်မယ့် အခြေခံ နည်းလမ်းပဲ ဖြစ်ပါတယ်…

 

ပထမဆုံးအဆင့်အနေနဲ့ ကိုယ့်ဆီမှာရှိတဲ့ Viber App ကနောက်ဆုံး Version ဖြစ်နေဖို့တော့ လိုအပ်ပါတယ်။ ကဲဒီအဆင့်ပြီးသွားပြီဆိုရင်တော့ အောက်ကအချက်တွေကို ဆက်လုပ်နိုင်ပါပြီ။ 

 

ပထမအဆင့်မှာ Sticker Button ကိုနှိပ်ပါ

 

Sticker Button ကိုနှိပ်ပြီး အရင် အပေါင်း Button ကိုနှိပ်ပါ

 

အပေါင်း Button ကိုနှိပ်ပြီး Create Sticker ကိုနှိပ်ပါ

 

ဒီအဆင့်တွေကို နှိပ်ပြီးပါက Create a Sticker Pack အဆင့်ကြလာပါမယ်။ ပြီးရင် အပေါင်း Button ကိုထပ်နှိပ်ပေးပါ…Gallery, Camera နဲ့ Just Doodle ဆိုပြီး ရွေးချယ်စရာ ၃ မျိုး ကျလာပါမယ်။ ကိုယ့်စိတ်ကြိုက် တစ်ခုရွေးပါ။ အခု ဖော်ပြပေးသွားမှာကတော့ Gallery ကိုရွေးချယ်ပြီး ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 

 

 

Gallery ကိုရွေးချယ်ပြီး ကိုယ့် Sticker လုပ်ချင်တဲ့ ပုံတစ်ပုံကို ရွေးပါ။ Solid Color ရှိတဲ့ Background တွေကို Magic Wand ဆိုတာနဲ့ ဖျက်ထုတ်လို့ရပါတယ်။ 

 

ဒီအဆင့်တွေကို ပြုလုပ်ပြီးရင်တော့ ကိုယ်ပိုင် Sticker ကို Create လုပ်နိုင်ပါပြီ။ ဒီနေရာမှာ သတိထားရမှာကတော့ Sticker Pack Name မှာတော့ နာမည် တစ်ခုခုရေးဖို့ လိုအပ်ပါတယ်။ 

 

 

အပေါ် က ဖော်ပြခဲ့တဲ့ အချက်တွေ အားလုံးကို လုပ်ပြီးသွားပြီဆိုရင်တော့ Viber မှာကိုယ်ပိုင် Sticker ကိုအသုံးပြုနိုင်ပါပြီ။ အားလုံးပဲ အဆင်ပြေကြပါစေ။ 

 

Leave a Reply

social sharing buttons