Instagram ဆိုတဲ့ Social Media Platform ကတော့ လူကြီးပိုင်းတွေထက် လူငယ်တွေပိုသုံးဖြစ်တဲ့ Platform တစ်ခုဖြစ်တဲ့ အတွက် Instagram ပဲသုံးရတာ ကြိုက်တယ်ဆိုတဲ့ User တွေအတွက် အသုံးဝင်မယ့် နည်းလမ်း အချို့ကိုဖော်ပြပေးပါမယ်။ ကိုယ့်သူငယ်ချင်းတွေကတောင် လာမေးကြလိမ့်မယ့် နည်းလမ်းတွေဆိုရင်လည်း မမှားပါဘူး။ ကဲဒီ Creative ဖြစ်တဲ့ Instagram’s Story တင်ပုံတင်နည်းလေးတွေကိုတော့…

Rainbow Text
Instagram ရဲ့ Story မှာစာလေးတွေရေးပြီးတင်လေ့ရှိကျပါတယ်။ ဒီတိုင်းစာအရောင်နဲ့ Background အရောင်လေးတွေပြောင်းပြီးတင်တာကတော့ လူတိုင်းနီးပါးလုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ Rainbow Text လေးတွေလဲတင်လို့ရတယ်ဆိုတာ သင်သတိထားမိပါသလား? ဒီနည်းလေးကနည်းနည်းတော့ ခက်ခဲတဲ့ထဲမှာပါဝင်ပါတယ်။ ကဲဒီတော့ ဘယ်လိုလုပ်ရလဲဆိုတာကို ပြောပြပါမယ်၊ Instagram ရဲ့ Camera ပုံလေးကိုထဲကို ဝင်ပြီး Type ဆိုတဲ့ Function လေးကိုဝင်ပြီး ရေးချင်တဲ့စာကို ရေးပြီး Select မှတ်ပြီး အောက်က Color လေးတွေပေါ်လာပြီဆိုရင် ဖိထားလိုက်ပါ အရောင်တစ်ခုခုကို၊ ဖိထားပြီးရင် Color တွေစိတ်ကြိုက်ရွေးချယ်လို့ရမယ့် Color Picker တစ်ခုကျလာပါလိမ့်မယ်။ ဒါပေမဲ့ ဒီနည်းက လက် ၂ ဖက်လုံးကိုအသုံးပြုမှရမှာပါ။ ဖုန်းကို အောက်ကိုချထားပြီး ရေးထားတဲ့စာရယ် Color Picker ကို ဖိပြီးကြိုက်နှစ်သက်ရာ အရောင်လေးတွေကို ရွေးချယ်ပြီး Creative ဖြစ်တဲ့ Story လေးတစ်ခုကို တင်နိုင်မှာပဲဖြစ်ပါတယ်။ ဒီနည်းလေးက နည်းနည်းတော့ လက်ဝင်တဲ့ အတွက် စိတ်ရှည်ရှည်လေးပြုလုပ်ဖို့တော့ လိုအပ်ပါတယ်။

Layering
ဒီနည်းလမ်းလေးကလဲ တကယ်မိုက်တဲ့နည်းလေးတစ်ခုဆိုလည်း မမှားပါဘူး။ ကဲဘယ်လိုဖန်တီးရမလဲဆိုရင်တော့ Instagram’s Story ရဲ့ Camera မှာ Effect တွေမျိုးစုံရှိတာတော့ သတိထားမိလောက်မှာပါ။ ဒီနည်းလမ်းလေးကတော့ ရိုးရှင်းပါတယ်၊ ပုံတင်မယ်ဆိုရင် မိမိကြိုက်တဲ့ Effect လေးရွေးပြီး Save လုပ်ပါ။ ပြီးရင် Facebook’s Story မှာရှိတဲ့ Layering Effect လေးတွေနဲ့ပေါင်းစပ်ပြီး Creative ဖြစ်တဲ့ Effect တွေ ပေါင်းထားတဲ့ Layering Story လေးတစ်ခုကိုဖန်တီးနိုင်ပြီးပဲဖြစ်ပါတယ်။

ကဲ Instagram’s Story မှာ Creative ဖြစ်တဲ့ Story လေးတွေကိုဖန်တီးပြီး သူငယ်ချင်းတွေကြားထဲမှာ မျက်နှာကောင်းရနိုင်ပါစေ။ ဒီနည်းလမ်း ၂ ခုလုံးက နည်းနည်းလုပ်ရတာ ခက်တဲ့ အတွက် စိတ်ရှည်ဖို့တော့ လိုအပ်ပါတယ်။

Ref – socialmediatoday

Leave a Reply

social sharing buttons