
ဒီနေ့တော့ Social Media မှာရှိတဲ့ Brand တွေ Business တွေရဲ့ Customer Service အတွက် Social Listening ရဲ့အရေးပါပုံကိုဖော်ပြပေးမှာဖြစ်ပါတယ်။ အရင်ဆုံး Social Listening ဆိုတာဘာလဲ တစ်ချက်လေ့လာကြည့်ရအောင်။
Social Listening ဆိုတာဟာ Online မှာရှိတဲ့ သင့်ရဲ့ Brand အကြောင်းနဲ့ ပက်သက်ပြီး လူတွေပြောတဲ့အကြောင်းအရာကို ရှာဖွေခြင်း လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး သူတို့ဘာတွေပြောနေလဲဆိုတာကို Social Listening Tool တွေအသုံးချခြင်း ဒါမှမဟုတ် ရှာဖွေမှတ်သားကာ ဆန်းစစ်ခြင်းပဲဖြစ်ပါတယ်။
ဘာလို့ Social Listening ကိုအသုံးချသင့်လဲဆိုရင်တော့ 86% သော ဝယ်ယူသူတွေဟာ Customer Service အထူးကောင်းမွန်တဲ့ Brand တွေဆီမှာသာ သူတို့ရဲ့ပိုက်ဆံတွေကို စိတ်ချမ်းသာစွာ အသုံးပြု ဝယ်ယူချင်ကြတယ်လို့ လေ့လာမှုတစ်ရပ်မှာဖော်ပြထား ပါတယ်။ ဒီအချက်ကိုထောက်ခြင်းအားဖြင့် ပစ္စည်းချင်းတူမယ် အရည်အသွေးတူမယ် ဈေးနှုန်းတူနေမယ်ဆိုရင်တောင် Customer Service ကောင်းမွန်တဲ့ Brand ကိုရွေးချယ်လေ့ရှိကြတယ်ဆိုတာ အထူးပြောစရာမလိုလောက်ဘူးထင်ပါတယ်။ လေ့လာမှုအရ 88% သော Social Marketer တွေဟာ Social Network ပေါ်မှာ Customer Service ဟာထိပ်ဆုံးကအထောက်အပံ့ပေးနိုင်တယ်လို့ဆိုပြီး 45% သော Customer တွေကလည်း Social Media ဟာ သူတို့စိုးရိမ်တဲ့အချက်တွေ သိလိုတာတွေကို အလွယ်တကူမေးလို့ရတဲ့ ပထမဆုံးနေရာလို့ ဆိုပါတယ်။အထူးသဖြင့် Social Media လိုနေရာမျိုးမှာဆိုရင် မကောင်းသတင်းရော ကောင်းသတင်းရော ပျံ့နှံ့လွယ်တဲ့အတွက် Social Listening လုပ်ဖို့ဆိုတာ လိုအပ်တဲ့အချက်တစ်ခုပါ။
Social Listening လုပ်ခြင်းဟာ Operational Cost ကိုလည်းသက်သာစေပါတယ်။Twitter က Social Media ကနေ Customer Service ကိုပြုလုပ်ပေးတာဟာ တခြား ဖုန်းခေါ်တာ Email ပို့တာစတာတွေရဲ့ ခြောက်ဆလောက် ပိုမိုကုန်ကျစရိတ်သက်သာစေတယ်လို့ဆိုထားပါတယ်။ဒါကြောင့် Social Media ကနေ Social Listening လုပ်ပြီး Customer Care လုပ်ပေးခြင်းဟာ Customer ပိုမိုတိုးပွားနိုင်တဲ့အပြင် သင့် Brand အတွက်ကောင်းမွန်တဲ့ ရလာဒ်တွေကို ဖြစ်စေနိုင်ပါတယ်။Social Media Marketing University (SMMU) ရဲ့ပြောကြားချက်အရ 76% သော Brand တွေဟာ Social Listening ကိုအခုထိအသုံးမချကျသေးပါဘူး။ Social Listening ကိုအသုံးပြုတဲ့သူတဲ့ Brand ဟာ အခြား Brand နဲ့ယှဉ်ရင် Customer Advance Care ပိုင်းမှာ ပိုမိုသာလွန်စေပါတယ်။
အချုပ်ပြောရမယ်ဆိုရင် ယနေ့ Social Media ပေါ်မှာလုပ်ကိုင်နေတဲ့ Brand အများစုထဲက အချို့ဟာဆိုရင် မိမိ Product ဟာနာမည်ရပြီးသားဖြစ်တယ် Quality လဲကောင်းမွန်တယ် ဆိုပြီး Customer Service ကိုတော့မေ့လျော့နေတတ်ကြပါတယ်။ အဲ့လိုဖြစ်ခြင်းဟာ အသစ်သစ်သော Customer တွေသာမက ရှိပြီးသား Customer ကိုပါဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် Social Listening လုပ်ဖို့ဆိုတာအလွန်အရေးကြီးတယ်လို့ပြောချင်ပါတယ်။