Digital Marketer တိုင်း မှန်ကန်သင့်လျော်တဲ့ Marketing Tools တွေကို ရွေးချယ်အသုံးပြုမှသာ Campaign တွေကို အောင်မြင်စွာ Run နို်င်မှာဖြစ်ပါတယ်။ ယခုဖော်ပြပေးမယ့် Marketing Tools တွေကတော့ Automation, Email, Ads, SEO, SMM အစရှိတဲ့ လုပ်ဆောင်ချက်တွေကိုလုပ်ဆောင်ပေးမှာပဲဖြစ်ပါတယ်…

Digital Analytics Tools

ဒီ Digital Analytics Tools တွေမှာဆိုရင်တော့ Google Analytics, Google Analytics PremiumAdobe Analytics တွေကိုအသုံးပြုနိုင်ပါတယ်။

Facebook Messenger & Chatbots Tools

Facebook Messenger & Chatbots Tools တွေထဲမှာဆိုရင်တော့ MobileMonkey ဆို Tool လေးကတော့ တော်တော်များများအသုံးပြုကြတဲ့ Tool လေးတစ်ခုဖြစ်ပါတယ်။

Social Media Publishing Tools

Social Media မှာ Publish လုပ်တဲ့နေရာမှာ Tools လေးတွေသုံးပြီး Publish လုပ်ခြင်းကပိုမို အလုပ်ဖြစ်ပြီးလုပ်ငန်းလုပ်ဆောင်ရတာလွယ်ကူစေပါတယ်။ HootSuite, Buffer, SproutSocial အစရှိတဲ့ Tools လေးတွေဟာ သုံးရတာအဆင်ပြေတဲ့ Publishing Tools လေးတွေဖြစ်ပါတယ်။

SEO Keyword Analysis

SEO Keyword Analysis အတွက်ဆိုရင်တော့ Google AdWords Keyword Planner, Google TrendSEMRush အစရှိတဲ့ Tools လေးတွေကတော့ အဆင်ပြေနိုင်ပါတယ်။

SEO Rank Checking

SEMRush, Google Search Console, Searchmetrics ဒီ Tools လေးတွေကတော့ SEO Ranking တွေကို Check လုပ်တဲ့နေရာမှာ အသုံးဝင်စေမယ့် Tool လေးတွေပဲဖြစ်ပါတယ်။

ဖော်ပြခဲ့တဲ့ Tool လေးဟာ Digital Marketer တွေအတွက်အဆင်ပြေစေမဲ့ Tool လေးတွေပဲဖြစ်ပါတယ်။ ဖော်ပြခဲ့တဲ့ Marketing Tools လေးတွေအပြင် အသုံးဝင်တဲ့ Marketing Tools တွေလည်းအများအပြားရှိသေးတဲ့ အတွက် မိမိနဲ့ သင့်တော်တဲ့ Tool လေးတွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

Ref – medium

Leave a Reply

social sharing buttons