ယခုဖော်ပြပေးမဲ့ အကြောင်းအရာကတော့ Digital Marketing နယ်ပယ်ထဲမှာ ပါဝင်တဲ့ Online Marketing တစ်ခုဖြစ်တဲ့ Email Marketing အကြောင်းပဲဖြစ်ပါတယ်…

Email Marketing ကိုလူတိုင်းသိကျပြီး ROI marketing channel  တွေထဲမှာအသုံးပြုမှုများတဲ့ Marketing နည်းလမ်းတစ်ခုလဲဖြစ်ပါတယ်။ သင့်ရဲ့လုပ်ငန်းအောင်မြင်အောင်ပြုလုပ်ဖို့လိုအပ်တဲ့နည်းလမ်းတစ်ခု လဲဖြစ်ပါတယ်။ ဒါကြောင့်ဘယ်လို Email Strategy တွေဟာသင့်အတွက်ပိုမိုထိရောက်လဲဆိုတာနဲ့ Email marketing အတွက်ဆောင်ရန်ရှောင်ရန်အချက်လေးတွေကိုဖော်ပြပေးလိုပါတယ်။

Email တစ်ဆောင်ဟာတိုတိုနှင့်ပြေပြစ်ပြီးလိုရင်းရောက်တဲ့ Email မျိုးဖြစ်ရပါမယ်။ သင်ပို့လိုက်တဲ့ Email ကိုလက်ခံရရှိသူဟာကြည့်လိုက်တာနဲ့ လွယ်လွယ်ကူကူဖတ်ရတာလွယ်တာမျိုးဖြစ်အောင်ရေးသားတတ်ရ ပါမယ်။ သင့်ရဲ့ Email ကိုမြင်တာနဲ့ဖတ်ရှုချင်စိတ်ရှိအောင်ရေးသားတတ်ရပါမယ်။

၅၀% သောဖုန်းအသုံးပြုသူတွေဟာသူတို့ရဲ့ Email တွေကိုဖုန်းပေါ်မှာပဲဖတ်ရှုကျပါတယ်။ဒါကြောင့်သင့်ရဲ့ Email ဟာ ဖုန်းအသုံးပြုသူတွေရဲ့အမြင်မှာအဆင်ပြေတာမျိုးဖြစ်ရပါမယ်။ သင်ပေးပို့တဲ့ Email မှာပါတဲ့ Links တွေဟာအရမ်းကြီးရှုပ်ထွေးများပြားနေတာမျိုးဖြစ်နေရင် Click လုပ်ရတာခက်ခဲတဲ့အပြင် Email လက်ခံရရှိသူရဲ့စိတ်ကိုရှုပ်ထွေးစေပြီး အဆင်မပြေဖြစ်တတ်ပါတယ်။ Image တွေပို့ရာမှာလဲသတိထားသင့်ပါတယ်။

Email ပေးပို့တဲ့အခါမှာ သင့်ရဲ့လုပ်ငန်းနာမည်ကို ပေးပို့သူနေရာမှာအမြဲသေချာတူညီစွာရေးသားသင့်ပြီး တစ်မျိုးပြီးတစ်မျိုးပြောင်းလဲတာ အလွယ်ရေးသားတာမျိုးတွေမလုပ်သင့်ပါဘူး။အကယ်၍Email လက်ခံရတဲ့သူဟာ သင့်ရဲ့လုပ်ငန်းနဲ့ဆိုင်တဲ့ Email ကိုနာမည်အမျိုးမျိုးနဲ့ Email ကိုသူတို့ရဲ့ Inbox မှာမြင်တွေ့နေရတာ သင့်ရဲ့လုပ်ငန်းအပေါ်အထင်အမြင်သေးနိုင်ပါတယ်။သင့်ရဲ့ Customer နဲ့ယုံကြည်မှုရှိတဲ့ဆက်နွှယ်မှုရရှိစေရန် သင့်ရဲ့လုပ်ငန်းလိပ်စာ နဲ့Information ကို သေချာရေးသားပြီးအမြဲဖော်ပြသင့်ပါတယ်။

Quality Over Quantity ဆိုတာဟာ Email Marketing မှာလက်ကိုင်ထားရမဲ့ဆိုရိုးပါ။သင့်ရဲ့ပေးပို့ရမဲ့ Email List မှာ လူအများအပြားဆီကိုပို့တာထက် သင်ရဲ့လုပ်ငန်းနဲ့သင့်လျော်မဲ့ Customer တွေဆီပေး ပို့တာဟာပိုထိရောက်ပါတယ်။

အခုဖော်ပြသွားတဲ့အကြောင်းအရာတွေဟာ Email Marketing အတွက်အခြေခံအချက်လေးတွေဖြစ်ပြီး နောက်ထပ်လဲ Email Marketing နဲ့ပက်သက်တဲ့အကြောင်းအရာတွေကိုဆက်လက်ဖော်ပြပေးသွားပါ မယ်။

Ref – LinkInWDaniel

(Zawgyi Version)

Email Marketing အသုံးပြုနေပြီလား?








Ref – LinkInWDaniel

Leave a Reply

social sharing buttons