
ဒီတစ်ခါမှာတော့ နာမည်ကြီး Social Media Platform တွေဖြစ်တဲ့ Facebook နဲ့ Instagram တို့ရဲ့မတူညီတဲ့အချက်တွေကို ဖော်ပြပေးသွားပါမယ်…
Facebook ဟာ အထွေထွေသုံး လူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်ပါတယ်။
Instagram ကတော့ Mobile ဖုန်းတွေကိုအဓိကဦးတည်တဲ့ ဓာတ်ပုံတွေကိုမျှဝေတဲ့ Application တစ်ခု ဖြစ်ပါတယ်။
Facebook ဟာ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်တဲ့ လူ့အဖွဲ့စည်းတွေအတွက်နေရာတစ်ခုဖြစ်ပါတယ်။
Instagram ကတော့ လူတွေရဲ့စိတ်ဝင်စားမှုအလိုက်မျှဝေပေးနိုင်တဲ့ အစုအဖွဲ့တွေ တည်ဆောက်ခြင်းနှင့်ပူးပေါင်းခြင်းများကိုပြုလုပ်နိုင်သည်။
Facebook ရဲ့အကောင်းဆုံးအချက်ကတော့ လစဉ်သုံးစွဲသူများနဲ့ အမြဲ Active ဖြစ်နေခြင်းပါပဲ။
Instagram လစဉ်အသုံးပြုသူ Active User တွေကတော့ Facebook ထက် လျော့နည်းပါတယ်။
Facebook ဟာ Mobile version ရော Web version ရောနှစ်ခုစလုံးမှာအသုံးပြုနှုန်းမြင့်မားပါတယ်။
Instagram ကတော့ Mobile user တွေအတွက်သာအကောင်းဆုံးဖြစ်ပါတယ်။
Facebook ရဲ့ Brand awareness ထိရောက်မှု ရရှိမှုနှုန်းဟာ Instagram ကိုမမှီပါဘူး။
Instagram ရဲ့ Brand awareness ရရှိမှုဟာ Facebook ထက်သာလွန်ပါတယ်။
ဖော်ပြပေးခဲ့တဲ့ အချက်တွေကတော့ Facebook နဲ့ Instagram တို့ရဲ့ ကွာခြားချက်တွေပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့ သတိထားမိတဲ့ အချက်တွေရှိရင်လည်း ဝေမျှနိုင်ခဲ့ပါတယ်။