
ယခုဖော်ပြပေးသွားမှာကတော့ Social Media Platform တွေဖြစ်တဲ့ Facebook နဲ့ Instagram တို့ရဲ့မတူညီတဲ့အချက်တွေကို ဖော်ပြပေးသွားပါမယ်…
- Facebook ဟာ အထွေထွေသုံး လူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်ပါတယ်။
- Instagram ကတော့ Mobile ဖုန်းတွေကိုအဓိကဦးတည်တဲ့ ဓာတ်ပုံတွေကိုမျှဝေတဲ့ Application တစ်ခုဖြစ်ပါတယ်။
- Facebook ဟာ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်တဲ့ လူ့အဖွဲ့စည်းတွေအတွက်နေရာတစ်ခုဖြစ်ပါတယ်။
- Instagram ကတော့ လူတွေရဲ့စိတ်ဝင်စားမှုအလိုက်မျှဝေပေးနိုင်တဲ့ အစုအဖွဲ့တွေ တည်ဆောက်ခြင်းနှင့်ပူးပေါင်းခြင်းများကိုပြုလုပ်နိုင်သည်။
- Facebook ရဲ့အကောင်းဆုံးအချက်ကတော့ လစဉ်သုံးစွဲသူများနဲ့ အမြဲ Active ဖြစ်နေခြင်းပါပဲ။
- Instagram လစဉ်အသုံးပြုသူ Active User တွေကတော့ Facebook ထက် လျော့နည်းပါတယ်။
- Facebook ဟာ Mobile version ရော Web version ရောနှစ်ခုစလုံးမှာအသုံးပြုနှုန်းမြင့်မားပါတယ်။
- Instagram ကတော့ Mobile user တွေအတွက်သာအကောင်းဆုံးဖြစ်ပါတယ်။
- Facebook ရဲ့ Brand awareness ထိရောက်မှု ရရှိမှုနှုန်းဟာ Instagram ကိုမမှီပါဘူး။
- Instagram ရဲ့ Brand awareness ရရှိမှုဟာ Facebook ထက်သာလွန်ပါတယ်။
ဖော်ပြပေးခဲ့တဲ့ အချက်တွေကတော့ Facebook နဲ့ Instagram တို့ရဲ့ ကွာခြားချက်တွေပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့ သတိထားမိတဲ့ အချက်တွေရှိရင်လည်း ဝေမျှနိုင်ခဲ့ပါတယ်။