စီးပွားရေးလုပ်ငန်းတိုင်းနီးပါးလိုလို Digital Marketing နည်းပညာတွေနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ ခေတ်ကြီးထဲမှာ သူများထက်တစ်ပန်းသာတဲ့ Advertising ပုံစံတွေကို သုံးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီတစ်ခါမှာ ဖော်ပြပေးသွားမှာကတော့ စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးဝင်မယ့် Tips အချို့ပဲ ဖြစ်ပါတယ်…

Element တွေဖန်တီးပါ…သင့်ရဲ့လုပ်ငန်းမှာ ကိုယ်ပိုင် Visual Element ရှိပါသလား? ရှိခဲ့မယ်ဆိုရင် Competitor တွေထက်သာလွန်ဖို့ လိုအပ်ပါတယ်။ ကိုယ်ပိုင် Visual Element မရှိခဲ့ဘူး ဆိုရင်တော့ ကိုယ်လုပ်ငန်းနဲ့ ကိုက်ညီပြီး အများသူထက် သာလွန်ပြီး သက်ဆိုင်ရာ ဈေးကွက်နဲ့ ကိုက်ညီဖို့ လိုအပ်ပါတယ်။ ဆိုလိုချင်တာက ကိုယ့်လုပ်ငန်း Brand ရဲ့ Logo, Font, Color Scheme တွေက Visual ပိုင်းကို အများကြီး အထောက်အကူပြုပေးပါတဲ့ အတွက် စနစ်တကျနဲ့ စီမံခန့်ခွဲပေးဖို့ လိုအပ်ပါတယ်။

Research များများလုပ်ပါ…ဒီအချက်ကတော့ Digital Platform တိုင်းက Marketing အတွက် Value အမျိုးမျိုးနဲ့ Provide လုပ်ပေးနေကြပါတယ်။ သင် Research လုပ်ရမှာကတော့ သင့်လုပ်ငန်းနဲ့ ပတ်သတ်တဲ့ Audience ကို အကောင်းဆုံး Target လုပ်ဖို့ လိုအပ်ပါတယ်။ ဒီအချက်မှာက New Audience ထက် ရှိပြီးသား Customer တွေကို ပြန် Analyze လုပ်ပြီး Re-targeting လုပ်တဲ့နေရာမှာလည်း သေချာလုပ်ဖို့ လိုအပ်ပါတယ်။ Targeting ပိုင်းပြီးသွားရင် သင့်လုပ်ငန်းနဲ့ ကိုက်ညီပြီး အကျိုးသက်ရောက်မှု များများရမယ့် Platform ကိုရွေးချယ်ဖို့ လိုအပ်ပါတယ်။

Buyer Process ကိုသုံးသပ်ပါ…သင်ရွေးချယ်ထားတဲ့ Platform ကနေ သင့် Product တွေကို Buy Out လုပ်သွားတဲ့ Customer တွေကို သင့်ဘက်က နားလည်ထားခြင်းက သူတို့အတွက်လိုအပ်မယ့် နောက် Product တွေကို ထပ်ပြီး ချပြဖို့က မခက်ခဲတော့ပါဘူး။ အခုခေတ်မှာ Customer တစ်ယောက်ချင်းဆီအလိုက် Analyze လုပ်နိုင်နေပြီ ဖြစ်တဲ့ အတွက် ရရှိထားတဲ့ Analytic Data ကိုအကျိုးရှိရှိ Re-marketing လုပ်ပေးပါ။

ယခုဖော်ပြပေးခဲ့တဲ့ Digital Advertising Tip တွေက သင့်စီးပွားရေးလုပ်ငန်းအတွက် အကျိုးသက်ရောက်မှုရှိမယ်လို့ မျှော်လင့်မိပါတယ်။

Leave a Reply

social sharing buttons