
Digital Marketing ကိုနောက်ပိုင်းမှာ အထူးတလယ်ဘာကြောင့်သုံးလာကြတယ်လို့ ထင်ပါသလဲ?
၁. ဈေးကွက်ကို Real- Time Data တွေနဲ့ စည်းမျဉ်းချနိုင်လာတယ်
၂. App အသုံးပြုမှုတွေ များပြားလာတယ်
၃. Viral Advertising တွေနဲ့ Attention ရယူနိုင်လာတယ်
၄. “Mobile Money” ယနေ့ခေတ်နဲ့ အနာဂတ်အတွက် စံ ဖြစ်လာတယ်
၅. ဈေးကွက်တွေက User Data တွေနဲ့ အခြေခံပြီး ရပ်တည်လာတယ်
၆. Instant Messaging တွေဟာ Tool အသစ်တစ်ခုကဲ့သို့ Customer Reach တွေရရှိလာစေတယ်
၇. Brands တွေဟာလည်း လူတွေနဲ့ နည်းပညာသစ်တွေကြားထဲက Connection တစ်ခုဖြစ်လာစေတယ်
Digital Marketing ရဲ့ အံ့သြဖွယ်ရာ Stat တွေကိုလည်းဖော်ပြပေးပါမယ်…
– Search Engine တွေရဲ့ အကူအညီနဲ့ Customer တွေဟာ သူတို့ရဲ့ Knowledge အသစ်တွေကို Learning လုပ်နိုင်လာတဲ့ ရာခိုင်နှုန်းဟာ ဆိုရင် တစ်ကမ္ဘာလုံးမှာ ၈၆% အထိရှိလာပါတယ်။
– တစ်ကမ္ဘာလုံးရဲ့ Internet User တွေဟာ ရှာဖွေချင်တဲ့ Product ကို Online ကနေရှာဖွေမှုဟာ
၆၁% ထိရှိလာပါတယ်။
– Search Engine ကို အသုံးပြုပြီး Shopping လုပ်တဲ့ Online Shopper တွေဟာလည်း ၄၄% ထိရှိ
လာပါတယ်။
– YouTube ကလည်း Bing, Ask, Yahoo, AOL တို့ထက်ကြီးမားလာခဲ့ပြီး ယခုအချိန်မှာဆိုရင် ဒုတိယအကြီးမားဆုံး Search Engine ဖြစ်လာခဲ့ပါတယ်။
ဒီအချက်တွေကို ကြည့်ခြင်းဖြင့် ဘာကြောင့် Digital Marketing ကအနာဂတ်မှာ အသုံးများလာရလဲဆိုကို သိနိုင်မှာ ဖြစ်ပါတယ်။