ယနေ့ခေတ်မှာ Business တိုင်းနီးပါး Online မှာပဲဖြစ်ဖြစ် Offline မှာဖြစ်ဖြစ် မိမိ Business ကို Advertise လုပ်ဖို့ အတွက်ကုန်ကျစရိတ်တွေ မလွဲမရှောင်သာကြုံရပါတယ်။ Business တွေ အပြိုင်အဆိုင်တိုးတက်လာတာနဲ့အမျှ အသစ်အသစ်သော Customer တွေရရှိလာရန်နဲ့ ရှိရင်းဆွဲ Customer တွေရဲ့စိတ်ဝင်စားမှုတွေ လျော့မကျသွားစေရန်အတွက် Advertising ပြုလုပ်ဖို့လိုအပ်ပါတယ်။ လေ့လာမှုတွေအရ ပြီးခဲ့တဲ့နှစ်က US မှာဆိုလျင် Advertising နည်းလမ်းများစွာထဲမှာ Digital Advertising ဟာ ထိပ်ဆုံးကရပ်တည်နေပြီး $49.5 billion အထိ Digital Ads ကိုအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီငွေပမာဏဟာ Newspapers ads , Magazine Ads စတာတွေထက်သာလွန်ခဲ့ပါတယ်။

Digital Marketing ဟာ Cost Effective ဖြစ်တဲ့ Advertising နည်းလမ်းတစ်ခုလို့ဆိုရင်လဲမမှားပါဘူး။ Effective ဖြစ်မဖြစ်ဆိုတာကလည်း မိမိရွေးချယ်တဲ့ Advertising Campaign အပေါ်မှာလည်း မူတည်ပါသေးတယ်။ Digital Marketing ကပေးနိုင်တဲ့ အားသာချက်ထဲမှာ Budget ကို Control လုပ်နိုင်ခြင်းလဲပါဝင်ပါတယ်။ အခြား Advertising နည်းလမ်းတွေလို Campaign run နေစဉ်အတွင်း ကုန်ကျစရိတ် ထပ်မံပေါ်ပေါက်လာမှာအတွက် စိုးရိမ်စရာမလိုအပ်ပါဘူး။ Digital Advertising Platform တွေဟာဆိုရင် Option များစွာရွေးချယ်ဖို့ပါဝင်တဲ့အတွက် မိမိသုံးစွဲနိုင်မဲ့ Budget ပမာဏအပေါ်မူတည်ပြီး Control လုပ်နိုင်စွမ်းရှိပါတယ်။ မတူညီတဲ့ Advertising နည်းလမ်းတွေကိုတစ်ချိန်ထဲမှာ Run မယ်ဆိုရင်လည်း တစ်ခုစီအပေါ်မှာ မတူညီတဲ့ Budget တွေကို ရွေးချယ်လို့ရပါတယ်။ Ads တွေ Run ပြီးတဲ့အခါမှာလည်း တစ်ခုစီကိုပြန်ပြီး လေ့လာလို့ရတဲ့အတွက် Successful ဖြစ်တဲ့ Ads တွေကိုတွေ့ရမှာဖြစ်သလို အဆင်မပြေတဲ့ Ads တွေကို ဆက်မ Run ပဲ Cut Off လုပ်လို့ရပါတယ်။

ဒါကြောင့် Digital Marketing ဟာ Advertising နည်းလမ်းတွေထဲမှာ Cost Effective ဖြစ်ပြီး ထိရောက်တဲ့အတွက် လူသုံးများလာတာပဲဖြစ်ပါတယ်။

Leave a Reply

social sharing buttons