Digital Marketing နည်းပညာတွေ တိုးတက်လာတဲ့ခေတ်ထဲမှာ စီးပွားရေးလုပ်ငန်းတွေကို Digital Marketing တွေနဲ့ချိတ်ဆက်ပြီး လုပ်ကိုင်လာကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့သူများတွေ Digital Marketing လုပ်တိုင်း ကိုယ်လည်း Digital Marketing လုပ်မယ်ဆိုပြီး တစွတ်ထိုးလုပ်လို့ မရပါဘူး။ လူကြီးမင်းတို့ရဲ့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ Digital Marketing ကိုရွေးချယ်ဖို့ လိုအပ်ပါတယ်။ တချို့တွေက Digital Marketing ဆိုတာနဲ့ Facebook Advertising လို့ထင်နေတဲ့ပါတယ်။ Facebook Advertising က Digital Marketing နယ်ပယ်ထဲက Social Media Marketing တစ်မျိုးဖြစ်ပါတယ်။

ဒီတော့ Digital Marketing ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဘာတွေပါလဲဆိုတာကို ဖော်ပြပေးပါမယ်…
· Search Engine Optimization (SEO)
· Search Engine Marketing (SEM)
· Social Media Marketing
· Content Marketing
· Email Marketing
· PPC (Pay Per Click)
· Online Advertising
· Landing Page Marketing
· Smartphone Marketing
· Affiliate marketing
· Viral marketing
အစရှိတဲ့ Marketing နည်းလမ်းများစွာ ပါဝင်ပါတယ်။ ဒီနည်းလမ်းတွေထဲမှာမှ ခေတ်စားပြီး လူသုံးများနေတဲ့ Digital Marketing နည်းပညာအချို့ကို ထပ်မံဖော်ပြပေးပါမယ်။

Search Engine Optimization (SEO)

ဒီ Digital Marketing နည်းပညာကတော့ Website တွေကို Google Search Engine ရဲ့ ထိပ်ဆုံးစာမျက်နှာမှာ ရောက်ရှိနေအောင်လုပ်ဆောင်ပေးတဲ့ Search Engine Advertising တစ်မျိုးဖြစ်ပါတယ်။ သင့်ရဲ့ Website က Search Engine ရဲ့ထိပ်ဆုံးမှာ ရောက်နေမှာဖြစ်တဲ့အတွက် လူကြည့်များပြီး သင့် Website Traffic များလားမှာ ဖြစ်ပါတယ်။ SEO ကိုတော့ Website တည်ဆောက်ပြီး Business Run နေတဲ့ လုပ်ငန်းတွေ ရွေးချယ်သင့်ပါတယ်။

Search Engine Marketing (SEM)
SEM ဆိုတာ တစ်နည်းအားဖြင့်ပြောရရင် Website ကို Search Engine ပေါ်မှာကြော်ငြာခြင်းနည်း လမ်းတစ်မျိုးပါ။ ကိုယ့်ရဲ့ ကြော်ငြာ Link ကိုတစ်စုံတစ်ယောက်က Click နှိပ်လိုက်တိုင်း Website ပိုင်ရှင်က Google သို့ပိုက်ဆံပေးရ/ပေးချေရသောနည်းလမ်းပဲဖြစ်ပါတယ်။ ရလဒ်ကိုချက်ခြင်းလက်ငင်း အဓိကဦး စားပေး သူတွေအတွက် ထိရောက်တဲ့နည်းလမ်းဖြစ်ပြီး ကိုယ့် Website ကို လူစိတ်ဝင်စားမှု ဘယ်လောက်ရှိလဲ စသဖြင့်တိုင်းတာနိုင်ပြီး အလွယ်တကူသုံးသပ် နိုင်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။ ဒီ SEM ကိုတော့ Website စလုပ်တဲ့သူတွေ၊ Event/Promotion ရှိတဲ့ Website တွေအတွက်ရွေးချယ်သင့်တဲ့ နည်းလမ်း ဖြစ်ပါတယ်။

Social Media Marketing
Social Media ဆိုတာသင့်ရဲ့ Brand ကို Customer တွေနဲ့ရိုးရှင်းစွာဆက်သွယ်ပေးတဲ့ Marketing Channel ဖြစ်ပြီး လက်ရှိ Marketing နည်းလမ်းတွေထဲမှာတော့ ရိုးရိုးရှင်းရှင်းနဲ့ထိရောက်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ Social Media ကနေတစ်ဆင့် Customer တွေကိုသင့်ရဲ့ Product ဒါမှမဟုတ် Service ရဲ့ Information တွေကိုဖော်ပြနိုင်ခြင်း၊ Customer တွေရဲ့တုံ့ပြန်ချက်တွေအကြံပေးချက်တွေကို နားထောင်နိုင်ပြီး ထိုမှတစ်ဆင့် Customer Relationships ကိုတည်ဆောက်နိုင်ခြင်း စတဲ့အချက်တွေကြောင့် Social Media Marketing ဟာထိရောက်တဲ့နည်းလမ်းလို့ဆိုတာပါ။ Social Media Marketing ကတော့ Facebook, Instagram, Twitter အစရှိတဲ့ Social Media Site တွေမှာ Advertise လုပ်ပြီး Business Run တာဖြစ်တာဖြစ်ပါတယ်။ Brand Awareness လုပ်ချင်တဲ့ လုပ်ငန်းတွေအတွက်ဆိုရင် Social Media Marketing က ရွေးချယ်သင့်ပါတယ်။

Content Marketing
Content Marketing ကတော့ Digital Marketing မှာအရေးပါတဲ့ ကဏ္ဍတစ်ရပ်လို့ပြောလို့ ရပါတယ်။ Content Marketing က လူကြီးမင်းတို့ Business ရဲ့ Product/ Service အကြောင်းကို Creative ဖြစ်ဖြစ်နဲ့ Audience Engagement ကိုဖမ်းစားနိုင်ဖို့ Trend ကိုလိုက်ပြီး အရေးအသား အသုံးအနှုန်းတွေကို ဂရုတစိုက်ရေးသားဖန်တီးပြီး Advertising လုပ်ခြင်း ဖြစ်ပါတယ်။ Content တစ်ပုဒ် ဖန်တီးပြီးရင်လဲ စနစ်တကျ Strategy တွေအသုံးချဖို့လဲလိုပါသေးတယ်။ Audience Reach နဲ့ Engagement ကိုဖမ်းစားချင်တဲ့ လုပ်ငန်းတွေအတွက်ဆိုရင် Content Marketing ကရွေးချယ်သင့်တဲ့ Digital Marketing နည်းလမ်းထဲမှာ ပါဝင်ပါတယ်။

အခုဖော်ပြပေးခဲ့တဲ့ Digital Marketing နည်းလမ်းတွေကတော့ လက်ရှိမှာ လူသုံးများပြီး ခေတ်စားနေတဲ့ Digital Marketing နည်းလမ်းတွေဖြစ်ပါတယ်။ ဒီအချက်တွေကို ကြည့်ပြီး မိတ်ဆွေတို့ရဲ့ လုပ်ငန်းတွေနဲ့ သင့်တော်မယ့် Digital Marketing ကိုရွေးချယ်နိုင်မယ့်လို့ မျှော်လင့်ပါတယ်။

Leave a Reply

social sharing buttons