Digital Marketing နည်းပညာတွေက ခေတ်မှီတိုးတက်လာတာနဲ့ အမျှလုပ်ငန်းတွေကလည်း အများထက် တပန်းသာအောင် Digital Marketing Trend တွေကိုမှီနိုင်အောင် လုပ်ကိုင်လာကြပါတယ်။ Digital Marketing ဆိုတဲ့ နယ်ပယ်အောက်မှာ ကဏ္ဍတွေ အများကြီးပါဝင်ပြီး ကိုယ့်ရဲ့ လုပ်ငန်းနဲ့ ကိုက်ညီမယ့် ကဏ္ဍကို ရွေးချယ်ရပါတယ်။ သင်က Digital Marketing နယ်ပယ်မှာလုပ်ကိုင်နေတဲ့သူတစ်ယောက် ဒါမှမဟုတ် Digital Marketing နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို လေ့လာနေတယ်ဆိုရင် ယခုဖော်ပြမယ့် Digital Marketing Trend တွေအကြောင်းကို ဖတ်ကြည့်သင့်ပါတယ်…

 

Voice Search

ဒီ Voice Search ကတော့နောက်ပိုင်းမှာ အသုံးပြုကြတာများလာတာကိုတွေ့ရပါတယ်။ ၂၀၂၀ ခုနှစ်အတွက် Business တွေမှာ Voice Search နဲ့လာရောက်စုံစမ်းမေးမြန်းကြတဲ့ အရေအတွက်ဟာ ပျမ်းမျှအားဖြင့် ၅၀% အထိရှိနိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိနေပါတယ်။ 

 

Chatbot

Chatbot တွေကိုနောက်ပိုင်းမှာ တွင်တွင်ကျယ်ကျယ် သုံးလာကြပါပြီ။ Chatbot တွေကို ၂၀၁၉ ခုနှစ်ထဲမှာ ပိုပြီး အသုံးများလာတာကိုလည်း တွေ့မြင်နိုင်သလို ၄၅% သော Chatbot အသုံးပြုမှုတွေကို အဓိကထားပြီး အသုံးပြုတဲ့ ကဏ္ဍကတော့ Customer Service မှာ Communication အတွက်အသုံးပြုကြပါတယ်။ 

 

Micro-Moments

ဒီ Micro-Moments ဆိုတာကတော့ Marketer တွေက User တွေရဲ့ Online အသုံးပြုနေတဲ့ အချိန်တိုလေး အတွင်းမှာ Audience’s Attraction ကိုအမိအရ ယူတာကိုဆိုလိုခြင်း ဖြစ်ပါတယ်။ ဥပမာ – User တွေရဲ့ ရှာဖွေနေတဲ့ Search Result တွေ Topic တွေကို Analyse လုပ်ပြီး Targeted Content တွေ Targeted Advertising တွေကို ဖန်တီးတာပဲ ဖြစ်ပါတယ်။

 

Live Videos

ဒီအချက်အတွက်ကတော့ Facebook, Instagram နဲ့ YouTube တို့ကို ကျေးဇူးတင်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကြောင့် Live Content တွေ မြန်မြန်ဆန်ဆန် ကျယ်ပြန့်လာတာ ဖြစ်တဲ့အတွက် Internet Video Traffic တွေရရှိလာစေရန် ဆောင်ရွက်လာနိုင်ခဲ့ပါတယ်။ Live Streaming Content တွေက Marketer တွေအတွက် Lead တွေကို ကောင်းကောင်း Engagement လုပ်နိုင်ပါတယ်။ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်မှုပေါ်မှာ မူတည်ပြီး Follower တွေတိုးလာနိုင်တာမို့ ကြီးမားတဲ့ Audience Size နဲ့ Social Channel Traffic ကိုမှာ Boost လုပ်နိုင်ပါသေးတယ်။ 

 

ဒီအချက်တွေက လက်ရှိအချိန်နဲ့ လာမယ့်နှစ်မှာ ဆက်ပြီး Trend ဖြစ်နိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ နောက်ထပ် Digital Marketing Trend တွေတွေ့ခဲ့ရင်လည်း ထပ်မံဖော်ပြပေးသွားပါမယ်။

 

Leave a Reply

social sharing buttons