ကဲ Update တွေထွက်ပြီးရင် ထွက်ထဲမှာမှ Instagram ရဲ့ Direct Message မှာ Popular အရမ်းဖြစ်နေတဲ့ Polls လေးအသုံးပြုနိုင်အောင် ထပ်မံထည့်သွင်းထားပါတယ်။ ဒီ Update အသစ်လေးဟာ User တွေကို Direct Message အသုံးပြုမှု များလာအောင်စွဲဆောင်ထားတယ်လို့တော့ ခန့်မှန်းလို့ရပါတယ်။ ဘာကြောင့်ခန့်မှန်းနိုင်သလဲ ဆိုရင် အရင်ထွက်ရှိခဲ့ Update တွေထဲမှာလည်း Instagram မှာ Direct Group Calls ဆိုတဲ့ Update ထွက်ရှိခဲ့ပါတယ်။ ဒီအချက်တွေကို လေ့လာကြည့်ခြင်းအားဖြင့် Instagram ဟာဆိုရင် သူ့ရဲ့ User တွေကို Direct Message အသုံးပြုမှု များလားဖို့အတွက် ဆွဲဆောင်နေတယ်လို့ ခန့်မှန်းနိုင်ပါတယ်။
Polls တွေကို Private အသုံးပြုနိုင်နေပြီဆိုတော့ Public Sharing တွေဘာတွေကြောက်နေစရာမလိုတော့ပဲ မိမိပြောလိုတဲ့သူကို ပစ္စည်းတစ်ခုခုရွေးချယ်ခိုင်းမလား၊ မေးခွန်းတစ်ခုခုပဲမေးမလား လုံခြုံစွာနဲ့ Private Poll ကို အသုံးပြုနိုင်နေပြီ ဆိုတော့ User တွေအတွက်တော့ အသုံးဝင်လာမဲ့ Update လေးတစ်ခုလို့ ယူဆနိုင်ပါတယ်။ ဒီ Polls လေးတွေကို Private အနေနဲ့ သုံးနိုင်သလို၊ သူငယ်ချင်းတွေနဲ့လည်း ပျော်ပျော်ပါးပါး အသုံးပြုနိုင်သေးပါတယ်။ အသုံးပြုပုံလေးကတော့ Instagram ဖွင့်လိုက်ပြီဆိုရင် ညာဘက်အပေါ်ထောင့်မှာရှိတဲ့ မြားလေးကိုနှိပ်ပြီး ကိုပို့ချင်တဲ့သူဆီကို Camera ပုံလေးမှာ ဓာတ်ပုံရိုက်တာဖြစ်ဖြစ်၊ ဓာတ်ပုံကိုဖြစ်ဖြစ် အောက်ဖက်ကနေ Swipe လုပ်ပြီး Poll ဆိုတာလေးကို ရွေးပြီး မိမိနှစ်သက်ရာ Poll လုပ်ပြီးပို့နိုင်ပါတယ်။ ဒီ Poll လေးကိုအသုံးပြုပြီး ပျော်ရွှင်စရာတွေ ဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
Ref – socialmediatoday