15 Aug 2018
နည်းပညာတွေဟာ သင့်ရဲ့လုပ်ငန်းတိုးတက်ပြီး အောင်မြင်မှုရရှိနိုင်စေရန်အတွက် အလွန်အရေးကြီးပါတယ်။ သင့်လုပ်ငန်းကိုဟာ အချိန်တိုတို အတွင်းမှာ အံ့သြဖို့ကောင်းလောက်အောင် တိုးတက်လာရန်နဲ့ အမြတ်များစွာရရှိရန်က သင့်လုပ်ငန်းကို Website ads၊ Facebook ads အစရှိတဲ့ Marketing Tool တွေကိုအသုံးပြုဖို့ လို အပ်ပါတယ်။ ဒါကြောင့်မို့သင့်ရဲ့ လုပ်ငန်းကို တိုးတက်လာနိုင်စေမဲ့ Marketing Tool အချို့ကို ဖော်ပြပေး ပါမယ်..
(၁) Google Analytics
လုပ်ငန်းလုပ်ကိုင်နေကျတဲ့ 10 Million သော Website တွေဟာ Google Analytics နဲ့ မကင်းကွာကြပါဘူး။ သင်ရဲ့ လုပ်ငန်းတွေကို Website နဲ့ လုပ်ကိုင်နေတဲ့ သူတစ်ယောက်ဆိုရင် Google Analytics ကိုအသုံးပြုဖို့အတွက်အကြံပြုပါရစေ။ သင့်ရဲ့လုပ်ငန်းနဲ့ ကိုက်ညီမဲ့လူတွေကို Target ထားပြီးစတင်နိုင်မှာဖြစ်ပါတယ်၊ နောက်တစ်ချက်က သင် Website ကိုလူဘယ်လောက်ဝင်ရောက် ကြည့်ရှုသွားလည်း အစရှိ Report တွေကို အသေးစိတ်ကြည့်ရှုနိုင်မှာဖြစ်တဲ့ အတွက် သင်ရဲ့ လုပ်ငန်းကို အထောက်အကူဖြစ်စေမဲ့ Tool တစ်ခုဖြစ်
ပါတယ်။
(၂) Facebook Audience Manager
နောက်ထပ် Tool တစ်ခုကတော့ Facebook မှာ ပါဝင်တဲ့ Facebook Audience Manager ပဲဖြစ်ပါတယ်။ Facebook မှာဆိုရင် Daily Login User 1 Billion ကျော်ရှိနေပြီး သူတို့ ဘာတွေကြိုက်နှစ်သက်လဲ၊ ဘာတွေကိုဝယ်ကြလည်း အစရှိတဲ့အချက်အလက်တွေကို Facebook Audience Manager ကနေအသေးစိတ်ကြည့်ရှုနိုင်ပါတယ်။ သင့်မှာလုပ်ငန်းလုပ်ဆောင်နေတဲ့ Facebook business page တစ်ခုရှိနေတယ်ဆိုရင် Facebook Audience Manager ကို အသုံးပြုနိုင်နိုင်ပြီး၊ Audience Insight Tool နဲ့ အခြား Tool တွေကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
သင်ဟာ Digital Marketing နယ်ပယ်မှာ သင့်ရဲ့လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်ဆိုရင် အထက်ပါ Tool လေးတွေက သင့်လုပ်ငန်းအတွက် အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။
Ref - medium