ဒီတစ်ခေါက်မှာ ဖော်ပြပေးသွားမှာက သင့်လုပ်ငန်းအတွက် တည်ဆောက်ထားတဲ့ Social Media Platform ပေါ်မှာ Meme တွေတင်ခြင်းက Website Traffic အတွက် အကျိုးသက်ရောက်မှု ရှိစေလားဆိုတာပဲ ဖြစ်ပါတယ်…

 

ဒီမေးခွန်းရဲ့ အဖြေကတော့ Social Media Post အမျိုးအစားတိုင်းရဲ့ Engagement နဲ့သက်ဆိုင်ပါတယ်။ Like ‌တွေ Follower တွေက Business ရဲ့ Social Media အတွက် အရမ်းကို ကောင်းပါတယ်။ ဒါပေမယ့် Business အတွက် တကယ်လိုအပ်နေတာကတော့ Conversion ပဲဖြစ်ပါတယ်။ ဒီလိုပဲ ကိုယ့် Business နဲ့ သက်ဆိုင်တဲ့ Meme တွေကို Social Media ပေါ်မှာတင်ပေးခြင်းကလည်း အရမ်းကို Engagement Boost ဖြစ်စေပါတယ်။ 

 

Digital Marketing နဲ့ Business ကိုတွဲဖက်လုပ်နိုင်နေတဲ့ Business တိုင်းဟာ နောက်ဆုံးပေါ် Trend နဲ့ Process တွေကို အမြဲတမ်း မျက်ချေမပျက် စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေထဲမှာ Meme တွေကလည်း အချိန်ခနအတွင်းမှာ Information ကောင်းကောင်းပေးနိုင်တဲ့အတွက် Traffic များများ ဖြစ်လာဖို့အတွက် အရမ်းကို အထောက်အကူဖြစ်ပါတယ်။ Website Traffic အတွက် Communication တွေမှန်လာမယ် Audience တွေရဲ့ စိတ်ဝင်စားမှုလည်း ပိုရလာနိုင်ပါတယ်။ ဒီအချက်တွေ ပုံမှန်ဖြစ်လာပြီ ဆိုရင်တော့ Website Traffic က ပိုပိုတိုးလာနိုင်ဖို့ပဲ ရှိပါတယ်။ 

 

ဖော်ပြခဲ့တာကတော့ Meme တွေကို ကိုယ့်ရဲ့ Social Media Platform ပေါ်မှာ အကြောင်းအရာ ထိထိမိမိ တင်ပေးခြင်းကလည်း သင့်ရဲ့ Website Traffic တိုးလာစေနိုင်တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ 

 

Leave a Reply

social sharing buttons