26 Aug 2020
ယခုဆို မြန်မာနိုင်ငံမှာ
Coronavirus ကူးစက်ခံရသူတွေတဖြည်းဖြည်းပြန်လည် တိုးပွားနေပြီဖြစ်တဲ့အတွက် အကြောက်မလွန်သင့်သလို တစ်ဖက်မှာလဲ သတိပိုမိုထားပြီး ဂရုစိုက်နေသင့်ပါတယ်။
ဒီရောဂါအပေါ်အကြောက်မလွန်ပဲ နေ့စဥ်ဂရုစိုက်သင့်တဲ့အရာတွေကို ပိုမိုဂရုစိုက်ခြင်းဖြင့် ဒီရောဂါပြန့်ပွားမှုကို လျော့ကျသွားအောင်ကြိုးစား ကာကွယ်နေထိုင်ဖို့လိုပါတယ်။
နှာစေး၊ ချောင်းဆိုး၊ နေမှမဟုတ်ပဲ အိမ်ပြင်ထွက်တိုင်း Mask တပ်ပါ။
လူထူထပ်တဲ့နေရာတွေရှောင်ပြီးတတ်နိုင်သမျှအိမ်ထဲမှာပဲနေပါ ။
လူတစ်ဦးနှင့်တစ်ဦးကြား ခြောက်ပေအကွာမှာ နေထိုင်ပြောဆိုပါ။
တစ်ခုခုကိုင်ပြီးတိုင်း လက်ကိုမကြာခဏဆေးပါ။
အာဟာရပြည့်ဝအောင်စားသောက်ပါ။
အိပ်ရေးဝဝအိပ်ပါ။
ကိုယ်ခံအားကောင်းအောင်နေထိုင်စားသောက်ပါ။
မိမိမှာအဖျားရှိနေပြီး Coronavirus ကူးစက်ခံရ တယ်လို့သံသယရှိပါက အကြောက်မလွန်ပဲ နီးစပ်ရာ ကျန်းမာရေးဌာနသို့အရင်ဆက်သွယ်ပါ။ ဒီအချက်တွေကို သတိပြုလိုက်နာပြီး သင်ချစ်တဲ့ ပတ်ဝန်းကျင်နဲ့ မိသားစုကို ကာကွယ်စောင့်ရှောက်ပါ။