ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ သီချင်းနားထောင်ရတာကြိုက်တဲ့သူတွေအတွက် လုံးဝကို အသုံးဝင်စေမယ့် App တွေကိုဖော်ပြသွားမှာ ဖြစ်ပါတယ်။ တချို့ Android Device တွေမှာပါတဲ့ Speaker, Built-in Sound System တွေက Volume ကျယ်ကျယ် မထွက်လို့ စိတ်ညစ်နေရတဲ့ သူတွေရှိရင် ဒီ Article ကိုကျော်မသွားသင့်ပါဘူး။ ဘာကြောင့်လဲဆိုရင်တော့ အခုပြောပြသွားမယ့် အကြောင်းကတော့ သင့်ရဲ့ Android Device တွေရဲ့ Volume ကို Original Volume ထက်ပိုကျယ်အောင် Boost အကောင်းဆုံး App ၅ ခုကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်…

 

1.Volume Booster GOODV

ဒီ Android App ကတော့ Free Download လုပ်နိုင်ပြီး Speaker နဲ့ Headphone ရဲ့ Volume တွေကို ပိုပြီး ကျယ်လာအောင်ပြုလုပ်နိုင်မယ့် App လေးဖြစ်ပါတယ်။ ဒီ Volume Booster GOODV ကတော့ Android 4.2 နဲ့ အထက် Version တွေ မှာအသုံးပြုနိုင်မှာ ဖြစ်ပြီး Root လုပ်ထားတဲ့ ဖုန်းရော Root မလုပ်ထားတဲ့ ဖုန်းတွေ မှာလည်း အသုံးပြုနိုင်ပါတယ်။ သီချင်းကို အသံကျယ်ကျယ်နဲ့ နားထောင်တတ်တဲ့ သူတွေ အတွက်ဆို Download လုပ်ထားသင့်တဲ့ App တစ်ခုလည်း ဖြစ်ပါတယ်။

 

2.VLC for Android

အကောင်းဆုံး Media Player App တစ်ခုအနေနဲ့ PC version, Mobile Version ရောထွက်ရှိထားပြီး Android Device တွေအတွက် Google Play Store မှာ Free Download ပြုလုပ်နိုင်ပါတယ်။ ဒီ App နဲ့ Volume Boost မယ်ဆိုရင် 200% အထိ Volume Boost လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ VLC for Android က Android Device တွေအတွက် နောက်ထပ်ရွေးချယ်စရာ Volume Booster App တစ်ခုဖြစ်ပါတယ်။

 

3.Precise Volume

သင့် Android Device အတွက် Volume Control ကောင်းကောင်းလုပ်နိုင်မယ့် App ကိုရှာဖွေနေတယ် ဆိုရင် ဒီ Precise Volume ဆိုတဲ့ App ကိုရွေးချယ်လိုက်ပါ။ Android တွေရဲ့ Volume Step 15 ခုထက်ပိုးပြီး Upgrade လုပ်နိုင်မှာ ဖြစ်ပါတယ်။ သင့် Device မှာရှိတဲ့ Volume Control အပိုင်းကို စိတ်ချရုံကြည်စွာ အသုံးပြု နိုင်မယ့် App တစ်ခုလို့ ပြောနိုင်ပါတယ်။

 

4.Equalizer FX

Equalizer FX ကတော့ Top Rate စာရင်းဝင်တဲ့ Equalizer App တစ်ခုဖြစ်ပါတယ်။ ဒီ App ထဲမှာဆိုရင်တော့ Volume Control လုပ်နိုင်မယ့် Option တွေတော်တော်များများ ပါဝင်တဲ့ အတွက် သီချင်းနားထောင်ရတာ နှစ်သက်ပြီး သီချင်းလုပ်တာ ဝါသနာပါတဲ့ သူတွေအတွက် စမ်းသပ်ကြည့်သင့်တဲ့ App တစ်ခုဖြစ်ပါတယ်။ ထူးခြားချက် အနေနဲ့ဆိုရင် Bass Boost နဲ့ Loudness Enhancer ဆိုတဲ့ Option ၂ ခုက တော်တော်မိုက်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

 

5.Viper4Android

ဒီ Viper4Android ကတော့ Root လုပ်ထားတဲ့ Android Device တွေမှာပဲ အသုံးပြုနိုင်မယ့် Volume Booster App တစ်ခုဖြစ်ပါတယ်။ Sound Effect တွေကို Control ကောင်းကောင်းလုပ်နိုင်မယ့် Option အမြောက်အများ ပါဝင်တယ်။ ဒီ App မှာ Volume ကို Extra Level အထိ Boost နိုင်ပါတဲ့ အတွက် Rock, Metal အစရှိတဲ့ သီချင်း အမျိုးအစား တွေကို အသံကျယ်ကျယ်နဲ့ နားထောင်နိုင်ရတာ နှစ်သက်တဲ့ သူတွေ အတွက် အဆင်ပြေစေမယ့် App တစ်ခုပဲ ဖြစ်ပါတယ်။

 

 

 

 

 

 

Leave a Reply

social sharing buttons