Video Marketing ဆိုတာဘာလဲ? ထိရောက်တဲ့ Marketing နည်းလမ်းတစ်မျိုးလား? သင်ကလည်း Video Marketing အကြောင်းကို စိတ်ဝင်စားပြီး လေ့လာနေသူတစ်ယောက်လား? ဒါဆိုရင်တော့ ယခုဖော်ပြပေးသွားမယ့် အကြောင်းအရာကို ဖတ်ကြည့်သင့်ပါတယ်။ 

 

Video marketing ဟာ သင့်ရဲ့ကုန်ပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုတွေကိုဈေးကွက် အတွင်းရောက်ရှိအော င်ပြုလုပ်တဲ့ထိရောက်တဲ့ Marketing နည်းလမ်းတွေထဲကတစ်ခုအပါအဝင်ဖြစ်လာပါပြီ။ Video content တွေဟာသုံးစွဲသူ Customer တွေရဲ့အာရုံစိုက်စိတ်ဝင်စားခံရမှုကိုအခြား Text နဲ့ Image တွေအပေါ် အာရုံစိုက်မှုထက်ကြာရှည်စွာဖမ်း ယူဆုပ်ကိုင်နိုင်ပါတယ်။ 

 

ဒါ့အပြင်သူ့ရဲ့အားသာချက်ကတော့ Video တစ်ခုထဲမှာပင်မိမိဖော်ပြလိုတဲ့ အကြောင်းအရာတွေကိုအရောင်အသွေးစုံလင်စွာ Visual အမြင်ကောင်းကောင်း ဖြင့်ဖော်ပြနိုင်တာပဲဖြစ်ပါတယ်။ သင့်ရဲ့ Business အတွက် Content Marketing Strategy ထဲမှာ Video Content မပါသေးရင်တော့လုပ်ဆောင်ဖို့လိုအပ်နေပါတယ်။ အထူးသဖြင့် Video Marketing ကိုလူအသုံးများဆုံး YouTube မှာတွေ့မြင်ရပေမဲ့ မြန်မာနိုင်ငံမှာလဲ Facebook နဲ့ Instagram စတာတွေမှာစီးပွားရေး လုပ်ငန်းတွေအပြိုင်အဆိုင်ခေတ်ရဲ့ Trend နဲ့အညီအမှီလိုက်ပြီးကြော်ညာနေ ကျပါပြီ။

 

Video Content တစ်ခုမှာသင့်ရဲ့Brand ကိုရောင်းချတဲ့ပုံစံမျိုးမဟုတ်ပဲသင့် Brand နဲ့ပက်သက်တဲ့ အချက်တွေကောင်းကျိုးတွေ စတာတွေကို Educate & Entertain ဖြစ်အောင်ဖော်ပြပေးဖို့လိုပါတယ်။သင့် Brand ဒါမှမဟုတ် Service နဲ့ပက်သက်တဲ့ Video ကို Audience တွေကြည့်ရှုပြီးသင့် ရဲ့လုပ်ငန်း အပေါ်အာရုံစိုက်လာဖို့အတွက်အဓိကအာရုံစိုက်ရပါမယ်။ 

 

သင့်ရဲ့ Audience တွေအတွက်သင့်ရဲ့ Brand ဒါမှမဟုတ် Service ဟာစစ်မှန်ပြီးယုံကြည်စိတ်ချနိုင်တဲ့အကြောင်းဖော်ပြပေးဖို့လိုပါတယ်။ Audience တွေသင့်ရဲ့Business နဲ့ပက်သက်တဲ့အကြောင်းအရာတွေကိုပိုမိုနားလည်သဘောပေါက်လာစေဖို့အတွက် Video Highlight တွေနဲ့ရှင်းလင်းဖော်ပြပေးလို့ရပါတယ်။ Video Marketing နဲ့ပတ်သတ်တဲ့ အခြားအကြောင်းအရာတွေကိုလည်း ထပ်မံဖော်ပြပေးသွားပါအုံးမယ်။

 

Leave a Reply

social sharing buttons