
ပြည်တွင်းမှာ ငလျင်လှုပ်ခတ်မှုဖြစ်ပေါ်လာတဲ့အတွက် ငလျင်အန္တရာယ်ကို အထိုက်အလျောက် ကြိုတင်သတိပေးနိုင်မယ့် App တွေကိုဖော်ပြပေးသွားပါမယ်။ ဒီ App တွေကတော့ Earthquake App နဲ့ Earthquake Tracker App တွေပဲဖြစ်ပါတယ်။ ဒီ App တွေအလုပ်လုပ်ပုံတွေက ပထမတစ်ခုဆိုရင် Worldwide မှာဖြစ်ပေါ်နေတဲ့ ငလျင်တွေကို Track လုပ်ပေးပြီး သင့်အနီးအနားဖြစ်ပေါ်ခဲ့ပါက သတိပေးသွားမှာဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ Vibration Meters သဘောမျိုးပါ…သင်တို့ဖုန်းထဲမှာ ပါဝင်တဲ့ Accelerometer အသုံးပြုပြီး Vibration တွေကိုတိုင်းတာပေးသွားမှာ ဖြစ်ပါတယ်။ ထူးခြားတဲ့ တုန်ခါမှုမျိုးတွေ ဖြစ်ပေါ်လာတဲ့အချိန်တွေမှာ သင့်ကိုသတိပေးသွားမှာ ဖြစ်ပါတယ်။
ဒီ App တွေကတော့…
The American Red Cross Earthquake
ဒီ App တွေကို မိတ်ဆွေတို့ အိပ်တဲ့အခါမှာ ဖွင့်ထားပြီး ဖုန်းကို အနီးနားမှာထားမယ်ဆိုရင် အိပ်ပျော်နေတဲ့အချိန်မှာ ထူးခြားတဲ့ တုန်ခါမှုမျိုးတွေ ဖြစ်ပေါ်လာရင် သတိပေးနေမှာဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုကြည့်ကြဖို့ အကြံပြုလိုက်ပါတယ်။