2018 ခုနှစ် U.S ရဲ့ E-commerce Sales ရရှိမှုဟာဆိုရင် $500 Billion ထိရရှိခဲ့ပါတယ်။ ဒီပမာဏဟာ U.S တစ်နိုင်ငံထဲမှာ ရရှိခဲ့တဲ့ E-commerce Sales ပဲ ရှိပါသေးတယ်။ ယခုလို E-commerce ဈေးကွက် တွင်ကျယ်လာခြင်းကတော့ နည်းပညာဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ Smart Phone အသုံးပြုမှုများပြားလားခြင်း၊ Online Payment Method အသုံးပြုမှုတွင်ကျယ်လာခြင်း တို့ကြောင့်ဖြစ်ပါတယ်။ Business တွေကလည်းနယ်ပယ်စုံကနေ အပြိုင်အဆိုင် လုပ်နေကျပြီတော့ E-commerce Merchant တွေအနေနဲ့လည်း သူ့ထက်ငါအောင်မြင်ဖို့ အတွက် ကိုယ်နဲ့ အဆင်ပြေမယ့် E-commerce Tool လေးတွေရှိဖို့ လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် အကောင်းဆုံး အသုံးဝင်နိုင်မယ့် E-commerce Tool လေးတွေကို ဖော်ပြပေးချင်ပါတယ်…
BigCommerce
BigCommerce ဆိုတဲ့ Tool ကတော့ E-commerce Store တွေအတွက် Website ဆောက်လုပ်ရာမှာ Powerful ဖြစ်တဲ့ Design တွေကိုဖန်တီးပြီး ဆောက်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒီ Tool နဲ့ဆိုရင် Multiple Sales Channel တွေကို Dashboard တစ်ခုထဲကနေ Handle လုပ်နိုင်မှာပဲဖြစ်ပါတယ်။ Dashboard တစ်ခုထဲကနေ Handle လုပ်နိုင်ပြီ ဆိုရင် သင့်အချိန်တွေကို အကျိုးရှိရှိနဲ့ အလုပ်များများပြီးစီးအောင် လုပ်ဆောင်နိုင်မှာဖြစ်တဲ့ အတွက် ရလဒ်ကောင်းတွေရရှိလာနိုင်မှာလည်းဖြစ်ပါတယ်။
GrooveHQ
ဒီ GrooveHQ ဟာဆိုရင် သင့်ရဲ့ Customer Service နဲ့ လိုအပ်တဲ့ Requirement တွေကို အလွယ်တကူ Manage ပြုလုပ်နိုင်တဲ့ Tool တစ်ခုဖြစ်ပါတယ်။ ဒီအချက်ကတော့ စီးပွားရေးလောကမှာ အရေးကြီးတဲ့ အချက် တစ်ချက်ပဲဖြစ်ပါတယ်။ Business တစ်ခုရဲ့အောင်မြင်မှု ဆိုတာ Customer တွေနဲ့ သင့် Service Quality အပေါ်မှာမူတည်ပါတယ်။ ဒါကြောင့်မို့ ဒီ Tool လေးက သင့်လုပ်ငန်းရဲ့ Service Control ကို အကောင်းဆုံး Manage လုပ်နိုင်မယ့် Tool လေးဆိုရင်လည်း မမှားပါဘူး။
ClickMeeting
ClickMeeting ကတော့ Custom-Branded Webinar တွေကိုဖန်တီးနိုင်ဖို့အတွက် Tool တစ်ခုဆိုရင်လည်းမမှားပါဘူး။ ဒီ ClickMeeting ဆိုတဲ့ Tool ဟာဆိုရင်တော့ 2019 မှာ ခေါင်းထောင်လာမယ့် Tool တစ်ခုလို့ပြောလို့ရပါသေးတယ်။ E-commerce Merchant တွေအတွက် အသုံးဝင်လာနိုင်မှာဖြစ်တဲ့အတွက် လေ့လာထားသင့်တဲ့ Tool လေးတစ်ခုလည်းဖြစ်ပါတယ်။
အထက်ပါ Tool လေးဟာဆိုရင် E-commerce Platform မှာ အသုံးဝင်နေတဲ့ Tool လေးတွေဖြစ်တဲ့ အတွက် E-commerce ကိုလေ့လာနေတဲ့သူပဲဖြစ်ဖြစ်၊ လက်ရှိလုပ်ကိုင်နေပြီဆိုတဲ့ သူပဲဖြစ်ဖြစ် လေ့လာသိရှိထားသင့်တဲ့ Tool လေးတွေပဲဖြစ်ပါတယ်။
Ref – sej