14 Oct 2019
သင့်စီးပွားရေးလုပ်ငန်းတွေကို ကမ္ဘာတစ်ဝှမ်းနဲ့ ချိတ်ဆက်လုပ်ကိုင်ဖို့အတွက်ဆိုရင် Website ဆောက်လုပ်ပြီး လုပ်ကိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုပဲ Website တစ်ခုဆောက်လုပ်တဲ့ နေရာမှာလည်း လိုအပ်ချက်တွေ၊ လုပ်ဆောင်သင့်တဲ့ အချက်တွေကို သတိထားပြီး ဆောင်ရွက်ဖို့ လိုပါသေးတယ်။ အိမ်တစ်အိမ်ရဲ့ မျက်နှာစာဟာ သင့်တင့်နေမှသာ ကြည့်ရှုသူဖို့ စိတ်ချမ်းသာသွားသလို၊ Website တစ်ခုမှာဆိုရင်လည်း Home Page က Smart ဖြစ်နေမှသာ Visitor တွေအနေနဲ့ ဆက်ပြီး Website ထဲကို ဆက်ပြီး ဝင်ချင်မှာ ဖြစ်ပါတယ်။ ကဲဒီတော့ လူကြီးမင်းတို့မှာ ရှိတဲ့ Website ရဲ့ Home Page နဲ့ပတ်သတ်ပြီး ဘယ်လို အကြောင်းအရာတွေရှိပြီး၊ ဘာကြောင့် Smart Home Page ဖြစ်နေသင့်တာတွေကို ဖော်ပြပေးသွားပါမယ်…
Website တစ်ခုအပေါ်မှာ Visitor တွေရဲ့ First Impression 94% ဟာ Website ရဲ့ Home Page Design ပေါ်မှာမူတည်ပါတယ်။
48% သောသူတွေရဲ့ Website တစ်ခုအပေါ်မှာ စီးပွားရေးလုပ်ငန်းတွေအတွက်ထားတဲ့ ယုံကြည်မှုဟာ Website ရဲ့ Home Page ပေါ်မှာမူတည်ပါတယ်။
Visitor 36% နီးပါး ကိုယ့်ရဲ့ Website Logo ကိုအခြား Referral Site တွေကနေ Click ပြီးရောက်ရှိလာဖို့က Home Page Design Logo ပေါ်မှာမူတည်ပါတယ်။
70% သော အသေးစားစီးပွားရေးလုပ်ငန်း Website တွေရဲ့ Home Page တွေမှာ Call To Action မရှိကြပါဘူး။ ဒီအချက်ကို သတိထားပြီး သင့်ရဲ့ Website မှာထင်ရှားပြီး ဆွဲဆောင်မှုရှိတဲ့ Call To Action ကိုထားဖို့ အသင်းအဖွဲ့( Eg.Developer Team or Digital Agency) နဲ့တိုင်ပင်သင့်ပါတယ်။
Website တစ်ခုရဲ့ 70% သော မအောင်မြင်မှုတွေက Website Usability ဆိုးဝါးမှုကြောင့် ဖြစ်ပါတယ်။
Website Load Speed တစ်စက္ကန့်ကြောင့် ကျဆင်းသွားရတဲ့ Product ရောင်းအားဟာ 27% အထိရှိပါတယ်။
Design အသားပေး Website တွေရဲ့ Business Goal ဟာ အောင်မြင်မှုရရှိနိုင်ဖို့ 69% ရှိပါတယ်။
Website မှာရရှိတဲ့ Negative Feedback တွေဟာ Design နဲ့ပတ်သတ်ပြီး ပြန်လည်ရရှိတာ ဖြစ်ပါတယ်။
ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် Home Page Design ဟာ Website တစ်ခုအောင်မြင်မှု ရရှိနိုင်ဖို့ အများကြီး သက်ရောက်မှုတွေရှိတာကို သိနိုင်ပါတယ်။ လူကြီးမင်းတို့ Website ရဲ့ Home Page မှာလည်း လိုအပ်ချက်တွေ ပြင်ဆင်သင့်တာကို ပြင်ဆင်နိုင်ဖို့အတွက်လည်း မျှော်လင့်မိပါတယ်။