logo
myanmar
Social Media မှာ Post တွေကို ထိရောက်အောင် ဘလိုတင်မလဲ?

Social Media မှာ Post တွေကို ထိရောက်အောင် ဘလိုတင်မလဲ?

06 Jun 2021

Social Media အသုံးပြုမှုတွင်ကျယ်လာတာနဲ့အမျှ စီးပွားရေးလုပ်ငန်းရှင်တွေဟာ မိမိတို့လုပ်ငန်းတွေကို Social Media မှတစ်ဆင့်အပြိုင်အဆိုင် ဈေးကွက်ထိုးဖောက်နေကျပါပြီ။ အဲ့လိုထိုးဖောက်တဲ့နေရာမှာ မိမိတို့လုပ်ငန်းနဲ့ပက်သက်တဲ့ Social media မှာတင်တဲ့ Post တွေကို အထူးဂရုစိုက်တင်ဖို့ လို အပ်ပါတယ်။

(1) သင်တင်တဲ့ Content တွေဟာ သင့်ရဲ့ Audiences တွေအတွက် အကျိုးရှိပြီးအသုံးဝင်တဲ့ Content တွေဖြစ်ရဲ့လားဆိုတာအမြဲစစ်ဆေးသင့်ပါတယ်။

(2) သင့်ရဲ့ Reader တွေနှစ်သက်တဲ့ Content မျိုးဖြစ်ရဲ့လားဆိုတာလဲဆန်းစစ်ပေးပါ။သင့်ရဲ့အမာခံ Reader တွေဖတ်ချင်တဲ့ Content မျိုးဖြစ်မှသာ Real Fan or customer တွေကိုရရှိမှာဖြစ်ပါတယ်။

(3) သင်ရေးနေတဲ့ Content တွေကို သင့်ရဲ့ Website နဲ့ အခြား Social Media မှာရောအမြဲတင်ဖြစ်ရဲ့လားဆိုတာလဲ သတိထားသင့်ပါတယ်။ဒါမှသာ သင့်ရဲ့ Social Media Acc တွေဟာအမြဲ Active ဖြစ်နေမှာပါ။

(4) သင်တင်တဲ့ Content မှာပါဝင်တဲ့ Image တွေကိုလည်းအမြဲဂရုတစိုက် စစ်ဆေးသင့်ပါတယ်။Image ရဲ့ Quality နဲ့ တင်တဲ့ Post နဲ့ကိုက်ညီမှုရှိမရှိစစ်ဆေးသင့်ပါတယ်။

(5) သင်တင်တဲ့ Post မှာလိုအပ်တဲ့ Targetd keyword တွေပါဝင်ဖို့လိုတာကိုလည်းသတိပြုပေးပါ။ Hashtag အသုံးပြုပေးတာ ဒါမှမဟုတ် မိမိလုပ်ငန်းနာမည်ကိုအမြဲဂရုတစိုက်ထည့်ပေးတာမျိုးတွေဟာ Customer တွေရှာဖွေရာမှာလွယ်ကူမှုရရှိစေနိုင်ပါတယ်။

(6) အဓိကသတိထားသင့်တာတော့ Spelling လဲပါဝင်ပါတယ်။Spelling မှန်မမှန် Post တင်ခါနီးတိုင်း Check လုပ်ပေးသင့်ပါတယ်။

(7) သင်ရေးတဲ့ Content တွေဟာ Conversational ဖြစ်ရဲ့လားဆိုတာလည်း ဂရုစိုက်ပေးသင့်ပါတယ်။သင်တင်တဲ့Content တွေကို သင့်ရဲ့ Real customers တွေဖတ်နေသကဲ့သို့ သဘောထားပြီး တင်သင့်ပါတယ်။

(8) နောက်ဆုံးသတိထားသင့်တာကတော့ Post မှာလာပေးတဲ့ Feedback အကြောင်းပါ။Positive Feedback တွေသာမကပဲ Negative feedback တွေလဲပါလာနိုင်ပါတယ်။ အဲ့လိုပါလာတဲ့အခါ Delete or Hide လုပ်တာထက် သေချာစွာရှင်းပြပေးပြီး သတိထားပြီး Reply ပြန်သင့်ပါတယ်။

Recent posts