14 Sept 2020
အခုလိုအချိန်ကာလမှာ Work From Home လုပ်နေရသူတွေအများအပြားရှိတဲ့အတွက် အိမ်မှာနေရင်းအလုပ်လုပ်ရတဲ့အခါ မလိုလားအပ်တဲ့ မီးဘေးအန္တာရယ်တွေမဖြစ်ပွားစေဖို့သတိပြုရန်အချက်တွေကိုဖော်ပြပေးချင်ပါတယ်...
Outlets တွေကိုဝန်အားအလွန်အကျွန်အသုံးပြုမှုမျိုးရှောင်ပါ။
အသုံးမပြုတော့တဲ့အခါ Plug တွေကိုဖြုတ်ထားခြင်းဟာ လျှပ်စစ်ဓာတ်အားကိုချွေတာရာရောက်သလို Shock ဖြစ်ပြီးမီးလောင်မှုကိုလည်းကာကွယ်ပေးပါတယ်။
မီးကြိုးတွေ Extension ကြိုးတွေကိုအပေါက်အပြဲမရှိ ပုံမှန် Check လုပ်ပေးပါ။
Extension မီးကြိုးတွေကိုအသုံးပြုတဲ့အခါမှာ အချိန်အတိုင်းအတာတစ်ခုထိပဲအသုံးပြုသင့်ပါတယ်။
လျှပ်စစ်မီးကြိုးတွေကို တံခါး၊ပြတင်းပေါက်၊ကော်ဇောနဲ့ကြမ်းပြင်ပေါ်မှာ တင်ပြီးအသုံးမပြုသင့်ပါဘူး။
လျှပ်စစ်မီးကြိုးတွေကို ထားတဲ့အခါ ခြေထောက်တွေလက်တွေနဲ့မညိမရှုပ်မဲ့နေရာမှာထားပါ။
အားလုံးပဲဘေးကင်းလုံခြုံတဲ့ Work From Home ဖြစ်ကြပါစေ။