Email ပို့တဲ့အခါမှာ Client တွေကိုပို့ဖို့ Email တစ်စောင်ကို ပြည့်ပြည့်စုံစုံပြင်ဆင်ပြီး ဘယ်အချိန်ပို့လျင်ထိရောက်ပြီး Client တွေရဲ့တုံ့ပြန်မှုကောင်းကောင်းရနိုင်မလဲဆိုတာကို အမြဲစဉ်းစားမိကြမှာပါ။ယခုဖော်ပြပေးမှာက Email Marketing Company တစ်ခုကနေပြီး စနစ်တကျ စစ်တမ်းကောက်ယူထားတဲ့ Email ပို့ရန်အကောင်းဆုံးအချိန်နဲ့ အဆိုးဆုံးအချိန်တွေကိုဖော်ပြပေးပါမယ်။

9am-10am

မနက် 9 နာရီကနေ 10 နာရီအချိန်ကတော့ Email ပို့ရန်သင့်တော်တဲ့အချိန်ထဲမှာပါဝင်ပါတယ်။လုပ်ငန်းခွင်ရဲ့ တစ်နေ့တာ စတင်ချိန်ဖြစ်ပြီး Consumer တွေဟာ ဒီအချိန်မှာ မည်သည့်Email ကိုမဆို Check လုပ်လေ့ရှိပြီးအခြားသော ကိစ္စရပ်တွေကို စိတ်ပါဝင်စားစွာ တုံ့ပြန်တတ်ပါတယ်။

10am-12am

ဒီကြားကာလအချိန်ကတော့ Email မပို့သင့်တဲ့အချိန်ထဲမှာပါဝင်ပါတယ်။ဒီအချိန်မှာ နေ့တစ်ဝက်စာအလုပ်တွေအပေါ်အပြီးသတ်ဖို့အာရုံစိုက်နေကျချိန်ဖို့ ကိုယ်ပို့လိုက်တဲ့ Email ဟာ လျစ်လျူရှုခြင်းကိုခံရနိုင်ပါတယ်။

12pm-2pm

ဒီအချိန်ကတော့ Lunch time အချိန်ဖြစ်လို့မပို့သင့်တဲ့အချိန်ထဲမှာပါဝင်ပါတယ်။လုပ်ငန်းခွင်ပြန်လည်စတင်ခဲ့ရင်တောင် Email ကိုဖွင့်ဖို့ထက်အခြားသော အရာတွေကိုသာပြုလုပ်လေ့ရှိတယ်လို့ဆိုပါတယ်။

2pm-6pm

ဒီအချိန်မှာတော့ အလုပ်အပေါ်အာရုံပြန်စိုက်ရတဲ့အချိန်ဖြစ်ပြီး အလုပ်အများဆုံးအချိန်လဲဖြစ်ပါတယ်။ဒီလိုအချိန်မှာတော့ Marketing Email ဒါမှမဟုတ် Promotion နဲ့သက်ဆိုင်တဲ့ Email တွေထက် ရုံးတွင်းအလုပ်နဲ့သက်ဆိုင်တဲ့ Email တွေကိုပိုမိုအာရုံစိုက်မှာဖြစ်ပါတယ်။လုပ်ငန်းခွင်နဲ့သက်ဆိုင်သော Email တွေကိုဒီလိုအချိန်မှာပေးပို့တာအသင့်တော်ဆုံးဖြစ်ပါတယ်။

6pm-10pm

ဒီအချိန်ကတော့ ကိုယ်ပိုင်အချိန်ဖြစ်တဲ့အတွက် Promotion နဲ့သက်ဆိုင်တဲ့ Email တွေ Marketing Email စတဲ့ Email တွေကိုအေးအေးဆေးဆေး ဖတ်ရှုနိုင်တဲ့အတွက် ဒီအချိန်မှာ အရောင်းကြော်ငြာနဲ့ဆိုင်တဲ့ Email တွေကိုပေးပို့သင့်ပါတယ်။

Ref-pure360

Leave a Reply

social sharing buttons