21 Jun 2022
ဒီတစ်ခေါက်မှာ အောင်မြင်တဲ့ Social Media Platform တစ်ခုဖြစ်တဲ့ Facebook ရဲ့ 2022 အတွင်း Stats တွေကို ဖော်ပြပေးသွားပါမယ်။ မိမိလုပ်ငန်းကို Facebook ပေါ်မှာ လုပ်ကိုင်နေတဲ့သူတွေ၊ Facebook နဲ့ပတ်သတ်ပြီး အလုပ်လုပ်ကိုင်နေတဲ့သူတွေဆိုရင် ဒီ Statistics တွေကအသုံးဝင်နိုင်ပါတယ်…
India နိုင်ငံကတော့ Facebook သုံးစွဲမှု အများဆုံးနိုင်ငံ တစ်ခုဖြစ်ပါတယ်။ ( Facebook User 290 Million အထိရှိပါတယ်)
UK ရဲ့ လူဦးရေ 66% ဟာ Facebook User တွေဖြစ်ပါတယ်။
Facebook ကိုနေ့စဥ်အသုံးပြုသူ 1.62 Billion ရှိပါတယ်။
2021 ခုနှစ် စစ်တမ်းအရ တစ်နေ့ Facebook Sign Up ပြုလုပ်သူ 400 အထိရှိပါတယ်။
93% သော Social Media Marketer တွေဟာ Facebook Ads တွေကို အသုံးပြုကြပါတယ်။
94% သော Ad Revenue တွေက Mobile User တွေဆီက ရရှိပါတယ်။
2019 ခုနှစ် စစ်တမ်းအရ Facebook Ad တွေမှာသုံးတဲ့ Amount ဟာ $25.56 Billion အထိရှိပါတယ်။
Mobile User တွေအနေနဲ့ ပျှမ်းမျှအားဖြင့် တစ်ရက်ကို 57 Minutes အထိ အသုံးပြုကြပါတယ်။
ဒီအချက်တွေကတော့ 2022 ခုနှစ်မှာ သိထားသင့်တဲ့ Facebook Statistics တွေပဲ ဖြစ်ပါတယ်။