19 Dec 2018
Instagram က Follower တွေနဲ့ ပိုမိုရင်နီးတဲ့ Connection ဖြစ်ပေါ်လာစေပြီး ပိုမိုကောင်းမွန်တဲ့ Engagement တွေရရှိလာစေဖို့ အတွက် Design အသစ်နဲ့ Feature ၂ ခုကို အသစ်ထပ်မံထည့်သွင်းခဲ့ပါတယ်။ ဒီ Feature တွေက Instagram’s Stories နဲ့ Live Video တွေအတွက် ပိုမိုထိရောက်တဲ့ ရလဒ်တွေကို ဖြစ်ပေါ်စေဖို့ အတွက်ပြုလုပ်ခဲ့တယ်လို့လည်း ယူဆနိုင်ပါသေးတယ်။ အသစ်ထည့်သွင်းထားတဲ့ Feature ၂ ခုကတော့ Instagram’s Stories ထဲက Countdowns Feature နဲ့ Instagram's
Live ထဲက Question Feature တို့ပဲဖြစ်ပါတယ်…
Countdowns
ယခုအချိန်မှာတော့ Instagram User တွေအနေနဲ့ Instagram’s Stories မှာ Creative ဖြစ်တဲ့ Countdowns Sticker လေးတွေကို အသုံးပြုနိုင်ပါပြီ။ Marketer တွေအတွက်လည်း Product Launch
ပဲဖြစ်ဖြစ် Event တွေပဲဖြစ်ဖြစ် Countdown လုပ်ထားနိုင်တဲ့ အတွက် Audience ရဲ့ စိတ်ဝင်စားမှုကို ကြေညာမှု ပုံစံအသစ်နဲ့ ရရှိနိုင်ပါတယ်။ E-commerce Retailer တွေအနေနဲ့လည်း ဒီ Feature လေးကို
သုံးပြီး Limited-offer တွေ Promotion တွေကို Countdown လုပ်ထားနိုင်ပါသေးတယ်။
Question
ဒီ Feature ကတော့ Instagram’s Live တွေမှာ Question Sticker ကိုသုံးပြီး Follower တွေရဲ့ မေးခွန်းတွေကို Real Time မှာ ဖြေပေးလို့ ရနိုင်ပါတယ်။ Live Video တွေ Popular တွေဖြစ်လာတဲ့ အချိန်မှာ ဒီ
Question Feature ကတော်တော် ကို Useful ဖြစ်လာမယ့် Feature လို့လည်း ယူဆနိုင်ပါတယ်။ User
တစ်ယောက်က Instagram’s Live မှာ Question Sticker နဲ့ လွှင့်နေမယ်ဆိုရင် Follower တွေမေးတဲ့မေးခွန်းကို လွယ်လွယ်ကူကူမြင်ပြီး ချက်ချင်း အဖြေပြန်ပေးနိုင်မှာဖြစ်တဲ့ အတွက် တော်တော်လေးကို Effective ဖြစ်ပြီး Engagement လည်း ပိုမိုရရှိလာစေနိုင်တဲ့ Feature တစ်ခုလို့ ပြောနိုင်ပါတယ်။
ဒီ Feature လေးတွေကို iOS နဲ့ Android Device တွေမှာ အသုံးပြုနိုင်မှားဖြစ်ပြီး Live Video လွှင့်ခြင်းကိုတော့ iOS Device တွေမှာပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ Android Device တွေက Live Video
ကိုတော့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Ref - SEJ