21 Dec 2018
5P’s Social Media Marketing ဆိုတာကတော့ Social Media Marketing လုပ်ကိုင်မယ်ဆိုရင်အခြေခံ သဘောတရားအနေနဲ့ သိထားသင့်တဲ့ အချက် (၅) ချက်ဆိုလည်းမမှားပါဘူး။ ဒီတော့ 5P’s
Social Media Marketing က ဘာတွေလဲဆိုရင်တော့…
Plan
Produce
Publish
Promote
Prove တို့ပဲဖြစ်ပါတယ်။
Plan
ဒီ Plan ဆိုတဲ့ အချက်လေးကတော့ အောင်မြင်တဲ့ Social Media Marketing လုပ်ငန်းတစ်ခုဖြစ်လာဖို့ အခြေခံအုတ်မြစ်ဖြစ်တဲ့ Planning And Organization ကိုဆိုလိုခြင်းဖြစ်ပါတယ်။ Plan ရှိသွားပြီဆိုရင်တော့ သင့်လုပ်ငန်းအတွက် Objective တွေကို အသင့်ပြင်ဆင်ပြီး Creative Campaign တွေကို
စတင်နိုင်မှာ ဖြစ်ပါတယ်။
Produce
Produce ကတော့ လုပ်ငန်းစတင်လုပ်ကိုင်ဖို့ အချိန်ရောက်နေပြီဖြစ်တဲ့ အတွက် သင့်လုပ်ငန်းအတွက်
Creative Content တွေပြုလုပ်ရပါမယ်။ သင့် Product/ Service ကို Promote လုပ်ဖို့အတွက် သက်ဆိုင်တဲ့ Image တွေ Video တွေဖန်တီးဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ Content တွေ အဆင့်သင့်ဖြစ်ပြီ
ဆိုရင်တော့ နောက်တဆင့်ကို သွားနိုင်မှာဖြစ်ပါတယ်။
Publish
သင့်မှာ Campaign Plan အဆင်သင့်ဖြစ်နေပြီဆိုရင်တော့ သင့် Product/ Service အတွက် Content
စတင်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ Content ရပြီဆိုရင်တော့ သင့်လုပ်ငန်း Web Traffic ရချင်တယ်ဆိုရင်
သင့် Content ကို Website Blog မှာ Publishing လုပ်နိုင်ပါတယ်။ သင့် လုပ်ငန်းကို ပိုပြီး တွင်ကျယ်ချင်တယ်ဆိုရင်တော့ Blog Content ကို Social Media Platform ပေါ်ကိုပြန်ပြီး Sharing လုပ်နိုင်ပါတယ်။
Promote
ဒီအပိုင်းကတော့ သင့်လုပ်ငန်းကို ပိုပြီး ရလဒ်ကောင်းလာအောင် Promotion ပြုလုပ်တာပဲဖြစ်ပါတယ်။
Social Media ပေါ်မှာ Post တွေကို Reach, Engagement ကောင်းလာစေဖို့ Budget သုံးပြီး
Promotion လုပ်ခြင်းက နောက်ပိုင်း Organic Audience တွေပါ ပိုမိုရရှိလာနိုင်တဲ့ အတွက် Event တွေ
Festival တွေရှိခဲ့မယ်ဆိုရင် Promotion ပြုလုပ်သင့်ပါတယ်။ ဒါကြောင့် Promotion လုပ်ပေးခြင်းက
သင့်လုပ်ငန်းအတွက် အကူအညီကောင်း တစ်ရက်ပါ။
Prove
နောက်ဆုံးအချက်တစ်ချက်ကတော့ သင့်လုပ်ငန်းရဲ့ ရလဒ်တွေကို Prove လုပ်ဖို့ အတွက်ပါ။ သင့်လုပ်ငန်းရဲ့ Social Media Post တွေ Blog Post တွေရဲ့ Hashtags, Click, Download နဲ့ အခြားသော KPI တွေကို Tracking လုပ်ဖို့ လိုအပ်ပါတယ်။ ဒီလို Identified လုပ်ပေးခြင်းက သင့် Social Media Post တွေမှာဘယ် Audience ကဘယ်အရာကို ကြိုက်တယ်၊ ဘယ်နေရာတွေက အားနည်းချက်ရှိတယ်ဆိုတာကို Prove
လုပ်နိုင်မှာဖြစ်ပါတယ်။ လိုအပ်ချက်တွေကို ပြင်ဆင်ပြီး ပိုမိုကောင်းမွန်တဲ့ Social Media Post တွေ Blog
Post တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
Social Media Marketing ကိုစလုပ်မဲ့သူပဲဖြစ်ဖြစ်၊ လက်ရှိလုပ်ကိုင်နေတဲ့သူပဲဖြစ်ဖြစ် ဒီအချက်လေးတွေကအခြေခံ အချက်လေးတွေဖြစ်တဲ့အတွက် လေ့လာ ကြည့်ရှုနိုင်ပါတယ်လို့ အကြံပြုပါတယ်။
Ref - socialmediatoday