05 Sept 2014
Yahoo ဟာ Search Engine လောကရဲ့ ဥသျှောင် Google ရဲ့ အရင်ပေါ်ထွက်ခဲ့ပေမဲ့ ဒီကနေ့မှာ Search Market ရဲ့ ၁၀% သော Share နဲ့ တတိယနေရာကိုသာပိုင်ဆိုင်ပါတော့တယ်။ Google နဲ့ Yahoo ဘာကွာလဲမေးခဲ့ရင် Google ဟာ Pure Search Engine ပါ။ Yahoo ကတော့ Search Engine Portal ဖြစ်ပါတယ်။
ဒါဟာလဲ Yahoo ကို အလဲထိုးနိုင်လိုက်တဲ့ Google ရဲ့ မဟာဗျူဟာကျတဲ့ နေရာယူမှု (Positioning Strategy) ဖြစ်ပါတယ်။ ၂၀၁၄ မေလထိထုတ်ပြန်ချက်အရ Search Market ရဲ့ ၆၇.၆ % ကို Google ပိုင်ပါတယ်။ ဒီကနေ့မှာ နေ့စဉ်နေ့တိုင်း ၂၄ နာရီအတွင်း သန်းပေါင်း သုံးထောင်ကျော်ရှာဖွေမှုတွေ ဖြစ်ပေါ်နေတဲ့ Google Search Engine ဖြစ်ပါတယ်။ ၁၇.၃% နဲ ့Search Market ရဲ့ ဒုတိယ နေရာကိုတော့ ဘယ်သူယူထားလဲဆိုတာကတော့ စာဖတ်သူအတွက် အရမ်းလွယ်ကူတဲ့ Quiz ဖြစ်မှာပါ။
၁၉၉၆ ခုနှစ်က Yahoo - ၁၉၉၈ ခုနှစ်က Google တို့စတင်ခဲ့စဉ်ကဘယ်လိုပုံစံမျိုးလဲ သိချင်ကြမှာပါ။