logo
myanmar
၂၀၁၉ အတွက်အကောင်းဆုံး Locator App များ

၂၀၁၉ အတွက်အကောင်းဆုံး Locator App များ

07 Nov 2019

ခေတ်မှီလာတဲ့ ခေတ်ကြီးထဲမှာ ကိုယ့်ဖုန်း ပျောက်သွားတာလား? ခါးပိုက်နှိုက်ခံရတာလား? နေရာအတည်တကျ ပြန်ရှာလို့ ရနေပါပြီ။ ဒီလိုပဲ ကိုယ့်မိသားစုတွေ၊ ချစ်ရတဲ့သူတွေ ဘယ်နေမှာရှိနေလဲ? ဘာတွေလုပ်နေလဲဆိုတာကိုလည်း သိရှိနိုင်ဖို့ မခဲရင်းတော့ပါဘူး။ ဒီလိုတွေ သိရှိနိုင်ဖို့အတွက် Android ဖုန်းကိုင်ဆောင်ထားတဲ့ သူဆိုရင် ဒီ Locator App လေးတွေနဲ့ ပြုလုပ်နိုင်ပါပြီနော်...


Life360

ဒီ App ကတော့ Android Device တွေအတွက် အကောင်းဆုံး Locator App တစ်ခုဖြစ်ပါတယ်။ ဒီ App ကို Google Play Store နဲ့ App Store တို့မှာ Download ပြုလုပ်နိုင်ပြီး သင်နဲ့ချိတ်ဆက်ထားတဲ့ သင့်ရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ ဘယ်နေရာမှာ ဘာလုပ်နေလဲ အစရှိတာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဘယ်လိုသုံးရမှာလဲ ဆိုရင်တော့ GPS Tracker သုံးနိုင်ဖို့ Private Group တစ်ခုလုပ်ပြီး သင် Connect လုပ်ချင်တဲ့သူတွေကို ထည့်ထားရုံနဲ့ သူတို့ရဲ့ Location ကို Real-time အတိုင်းသိနိုင်ပြီး Battery Percentage ကိုပါမြင်ရတယ့် App တစ်ခုဖြစ်တဲ့ အတွက် ကိုယ့်ချစ်ရတဲ့သူတွေ အတွက် စိတ်ချရအောင် ကြိုတင်ပြင်ဆင်ထားနိုင်တဲ့ App တစ်ခုလို့လည်း ပြောနိုင်ပါတယ်။ Communicate လုပ်နိုင်မယ့် Chat Feature လည်းပါဝင်ပါသေးတယ်။

Android Download Link: http://bit.ly/2NGfYBF

iOS Download Link: https://apple.co/2XSYEgu

Find My Friends

Find My Friends ဆိုတဲ့ Locator App က အကောင်းဆုံး Locator Sharing App တစ်ခုဖြစ်ပြီး Top-rate ကောင်းကောင်း ရရှိထားတဲ့ App တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ App ကိုတော့ Google Play Store မှာ Download လုပ်နိုင်မှာဖြစ်ပါတယ်။ Location ကို Real-time ကြည့်နိုင်ရုံတင်မဟုတ်ပဲ Location ကိုကိုယ့် သူငယ်ချင်းတွေ၊ မိသားစုတွေဆီကို Location Sharing လုပ်ပေးနိုင်ပြီး Chat Feature ပါထည့်ထားတဲ့ အတွက် Communication အတွက်ပါ အဆင်ပြေစေတဲ့ App တစ်ခုဖြစ်ပါတယ်။

Android Download Link: http://bit.ly/2YL85vS

Sygic Family Locator

သင်ဟာ ပြီးပြည့်စုံတဲ့ Family Locator App တစ်ခုကိုရှာနေတယ်ဆိုရင် ဒီ Sygic Family Locator က ရွေးချယ်စရာ App ထဲမှာပါဝင်ပါတယ်။ ဒီ App ထဲမှာဆိုရင်တော့ အခြား Locator App တွေမှာ မပါတဲ့ Feature မြောက်များစွာ ပါဝင်ပါတယ်။ Sygic Family Locator ရဲ့ အကောင်းဆုံး Feature တစ်ခုကတော့ SOS Feature ကို Provide ပေးထားတဲ့ အချက်ပဲဖြစ်ပါတယ်။ Google Play Store နဲ့ App Store တို့မှာ Download ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။

Android Download Link: http://bit.ly/2NUmPHR

iOS Download Link: https://apple.co/2S5Yv4a

ZoeMob Family Locator

ZoeMob Family Locator ကတော့ အသုံးပြုရတာ အဆင်ပြေပြီး ကိုယ့်မိသားစု နဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ Location တွေကို ကောင်းကောင်း သိနိုင်စေမယ့် App တစ်ခုဖြစ်ပါတယ်။ ဒီ App ထဲမှာပါဝင်တဲ့ Chat Feature ဟာဆိုရင်လည်း Cost သက်သက်သာသာနဲ့ Chat နိုင်မှာဖြစ်တဲ့ အတွက် Family Locator တစ်ခုအပြင် Communicate ပါလုပ်နိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ Google Play Store မှာ Free Download လုပ်ပြီး အသုံးပြုနိုင်ပါတယ်။

Android Download Link: http://bit.ly/2LKsUnh

Glympse

ရိုးရှင်းလွယ်ကူတဲ့ Family Locator ကိုမှ သုံးချင်တယ်ဆိုတဲ့ သူတွေအတွက် အသင့်တော်ဆုံး App တစ်ခုကတော့ Glympse ပဲဖြစ်ပါတယ်။ ဒီ App ရဲ့ UI (User Interface) က User တစ်ယောက်လွယ်လွယ် ကူကူ အသုံးပြုနိုင်အောင် Develop လုပ်ထားပြီး ထူးခြားချက်ကတော့ Location Sharing လုပ်နိုင်ရုံသာမက Event ပါ Create လုပ်နိုင်တဲ့ အတွက် မိသားစု၊ သူငယ်ချင်းတွေ အတွက် Gathering လုပ်ရင် အဆင်ပြေစေပါတယ်။ Glympse ဟာ 2019 Best Family Locator App စာရင်းလည်း ဝင်ထားတယ် App တစ်ခုလည်း ဖြစ်ပါတယ်။

Android Download Link: http://bit.ly/2JmhnsW

ကဲဒီတော့ သင်ချစ်တဲ့ မိသားစု၊ သူငယ်ချင်းတွေကို ဘယ်နေရာမှာရှိနေလဲဆိုတာတွေကို Track လုပ်ထားနိုင်မယ့် Locator App တွေပဲ ဖြစ်ပါတယ်။ လုံခြုံရေးအတွက်လည်း အထောက်အကူ ဖြစ်တဲ့အတွက် Install လုပ်ထားသင့်တဲ့ App လေးတွေလို့လည်း ပြောနိုင်ပါတယ်။


Recent posts