27 Mar 2021
Social Media Network တွေထဲမှာတော့ Twitter က Social ပိုကျတဲ့ Network တစ်ခုလို့ ပြောလို့ရပါတယ်။ Social Media Network တွေပေါ်မှာ Image နဲ့ Video တွေကို Like, Share, Tag Account, Live လွှင့်တာတွေကို လုပ်နိုင်ပါတယ်။ Twitter ကကျတော့ Engagement ကို Conversation တွေထဲမှာပါ Engagement ပိုရှာလို့ ကောင်းတဲ့အတွက် အခြား Social Media Network တွေထပ် အနည်းငယ်သာတဲ့ အချက်လို့ပြောလို့ ရပါတယ်။ Twitter မှာ Engagement ပိုကောင်းချင်တယ်ဆိုရင်တော့
ဒီအချက်လေးတွေကို မျှဝေပေးချင်ပါတယ်…
– သက်ဆိုင်ရာ Information တွေကို တစ်နေ့ကို ၃ ကြိမ်ဆီ Tweet ပေးပါ။ လုပ်ငန်းနဲ့ပတ်သတ်ပြီး Creative ဖြစ်မယ့် Tweet ပုံစံဖန်တီးပါ
– Notification အားလုံးကို Response သေချာပြန်လုပ်ပေးပါ(ဒီအချက်က တစ်ခါတစ်လေမှာ သတိမထားမိတာတွေ ရှိတတ်လို့ပါ)
– သင့်ရဲ့ Key Message ကို Profile ထိပ်ဆုံးမှာ Pin Tweet လုပ်ထားပေးပါ။
အထက်ပါ အချက်တွေက Twitter မှာ သိထားသင့်တဲ့ အခြေခံအချက်တွေ ဆိုလည်း မမှားပါဘူး။Engagement အတွက် အကြံပေးချင်တဲနည်းလမ်း ၃ ခုကတော့…
Video Content ဖန်တီးခြင်း
Social Media Network တိုင်းပေါ်မှာ Video တွေက နေရာယူထားပြီးသားဆိုတာ သတိထားမိမယ် ထင်ပါတယ်။ ဒါပေမဲ့ ပေါ်မှာတော့ Video Content တွေကို သိပ်များများစားစား မတွေ့ဘူးသေးပါဘူး။ ဒါကြောင့် သင့် Business လုပ်ငန်း အတွက် အခွင့်အလမ်း တွေရှိနေပါသေးတယ်။ Video Content ဖန်တီးဖို့ အတွက်ကတော့ App တော်တော်များများရှိနေပြီးဆိုတော့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ Image တွေ စကားလုံးတွေကို Creative Idea ကောင်းကောင်းနဲ့ Video Content တွေ ဖန်တီးနိုင်ဖို့ အကြံပြုပါရစေ။
Twitter Chats တွေကို ဂရုစိုက်ပါ
Twitter Chats တွေကတော့ Target Audience ဆီက Engagement ကို အမြန်ဆုံး Interactive ဖြစ်စေပြီး Business ကို အများဆုံးချဲ့ထွင်နိုင်မယ့် အခွင့်အလန်း ဖြစ်ပါတယ်။ Twitter Chat မှာက လုပ်ငန်းတူ စီးပွားရေး လုပ်ငန်းရှင်တွေ၊ သင့်လုပ်ငန်းနဲ့ ပတ်သတ်တဲ့ Audience တွေ စုစည်းတဲ့နေရာ ဖြစ်တဲ့ အတွက် Twitter Chats တွေကို ဂရုစိုက်ဖို့ အကြံပြုရခြင်း ဖြစ်ပါတယ်။
Trending Hashtags တွေကိုဂရုစိုက်ပါ
Local မှာ ခေတ်စားနေတဲ့ Topic တွေ TV Show တွေနဲ့ Twitter ပေါ်က Trending Hashtag တွေကို စောင့်ကြည့်ပြီး သင့်ရဲ့ Business နဲ့ကိုက်ညီမဲ့ Trending Hashtags ကိုဖန်တီးခြင်း ကသင့်ရဲ့ Business အတွက် ရလဒ်ပိုမိုတိုးတက်လာစေနိုင်ပါတယ်။ ဒါကြောင့် သင့်လုပ်ငန်းနဲ့ ပတ်သတ်တဲ့ Trending Hashtag ကိုသုံးဖို့ အကြံပြုရခြင်း ဖြစ်ပါတယ်။ အကြံပြုဖော်ပြပေးခဲ့တဲ့ အချက်တွေက Twitter မှာ Business Run တဲ့ အခါမှာ ပြုလုပ်သင့်တဲ့ အချက်လေးတွေဖြစ်ပါတယ်။