16 May 2019
ဆယ်စုနှစ် တစ်နှစ်အတွင်းမှာပဲ Digital Marketing ဟာ အရှိန်ဟုန် ပြင်းပြင်းနဲ့ ကြီးမားကျယ်ပြန်လာတာကို တွေ့ရပါတယ်။ လက်ရှိအချိန်မှာ ဆိုရင်လည်း Digital Marketing ရဲ့ အကျိုးရလဒ်တွေကို မျက်မြင်တွေ့ရှိပြီးကြမှာ ဖြစ်ပါတယ်။ ဒီလိုကျယ်ပြန့်နေတဲ့ Digital Marketing ကိုသတိထားမိတဲ့ သူရှိသလဲ သတိထားမိတဲ့ လူတွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် Digital Marketing က ဘာကြောင့် အရေးပါလာတာလဲဆိုတာကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
Digital Marketing မကျယ်ပြန့်ခင် ကာလတုန်းကဆိုရင် Consumer တွေဟာ Product တစ်ခုခု ဝယ်ယူတော့မယ်ဆိုရင်အချိန်အနည်းနဲ့ အများပေးပြီး ဝယ်ရပါတယ်။ Product Seller တွေအနေနဲ့လည်း ကိုယ်ကြော်ငြာထားတဲ့ Product ကြော်ငြာကို လူဘယ်ယောက် မြင်သွားလဲ၊ ဘယ်နှယောက် ကြော်ငြာကို စိတ်ဝင်စားသွားလဲ အစရှိတဲ့ Information တွေကို တိတိကျကျ သိနိုင်ဖို့ အလွန်ခက်ခဲခဲ့ပါတယ်။
Digital Marketing ကဘာကြောင့် အရေးပါလာတာလဲ ဆိုတာကို မပြောပြခင်မှာ Digital Marketing က ဘာလဲဆိုတာကိုအရင် ပြောပြပေးချင်ပါတယ်။ Digital Marketing က တိုးတက်လာတဲ့ ကာလနောက်ပိုင်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကျတဲ့ Online Marketing ပဲဖြစ်ပါတယ်။ ယခုအချိန်မှာတော့ စီးပွားရေးလုပ်ငန်း တော်တော်များများကတော့ သူ့ထက်ငါအပြိုင် Strategy မျိုးစုံနဲ့ အောင်မြင်မှုရရှိဖို့ အတွက်လုပ်ကိုင်နေကျပါပြီ။ Digital Marketing နည်းလမ်းက Internet Marketing/ Online Marketing လိုသိရှိကျပြီး သင့် Product တွေကို Internet, Electronic Devices, Mobile Phone တွေကနေတဆင့် Audience ဆီကို ကြော်ငြာပေးတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ Social Media Marketing, Content Marketing, PPC& SEM Marketing, Email Marketing တွေဟာဆိုရင် လက်ရှိကာလမှာ အသုံးများနေတဲ့ Digital Marketing နည်းလမ်းတွေပဲဖြစ်ပါတယ်။
ဒီတော့ Product Seller တွေက Product ကြော်ငြာတွေကို Facebook လိုမျိုး Social Media Platform တစ်ခုပေါ် ကြော်ငြာထားတယ်ဆိုရင် Product ကြော်ငြာကို လူဘယ်နှယောက်မြင်သွားလဲ၊ ဘယ်နှယောက်ကတော့ စိတ်ဝင်စားတယ် အစရှိတဲ့ Information Data တွေကို ပြန်လည် ရရှိမှာဖြစ်ပါတယ်။ ပြန်ရတဲ့ Information Data တွေကို ဆန်းစစ်ပြီးတော့ Remarketing ပြန်လုပ်နိုင်ခြင်း အစရှိတဲ့ အကျိုးရလဒ်တွေ ရရှိစေပါတယ်။ ထိုနည်းတူ အခြား Social Media Platform တွေမှာ ကြော်ငြာလည်း Audience Information Data တွေပြန်ရရှိတဲ့ အတွက် မိမိရဲ့ Product ကိုပဲဖြစ်ဖြစ်၊ Service ကိုပဲဖြစ်ဖြစ် သင့်တော်မယ့် Platform နဲ့ ကြော်ငြာနိုင်ပါတယ်။ ကုန်ကျစရိတ် အနေနဲ့ ပြန်တွက်ကြည့်ရင် Digital Marketing က အရင်တုန်းက ကြော်ငြာခဲ့တဲ့ နည်းလမ်းတွေထက်လည်း အများကြီး သက်သာပါသေးတယ်။
ဒါကြောင့် Digital Marketing ကဘာကြောင့် အရေးပါလာတာလဲဆိုတာကတော့ Product/Service တွေကို အချိန်ကုန်သက်သာစေပြီး ထိထိရောက်ရောက်နဲ့ ကြော်ငြာနိုင်တဲ့ ရလဒ်ကောင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ Digital Marketing နဲ့ ပတ်သတ်တဲ့ အခြားအကြောင်း အရာတွေကိုလည်း ကျနော်တို့ SEOMyanmar မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
Ref - lyfemarketing