11 Aug 2019
ဒီတစ်ခေါက် Super Sunday မှာဖော်ပြပေးသွားမှာကတော့ iPhone အတွက် 2019 အကောင်းဆုံး Dictionary App တွေအကြောင်းဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူတွေ၊ စာရေးတာနဲ့ပတ်သတ်ပြီး လုပ်ငန်းလုပ်နေသူတွေအတွက် Dictionary ဆောင်ထားသင့်တဲ့ အရာတစ်ခုပါ။ အခုလို Mobile Phone တွေပေါ်လာတဲ့ အခါမှာတော့ Dictionary စာအုပ်တွေကို တကူးတက ဆောင်ထားစရာ မလိုတော့ပဲ ကိုယ့်ရဲ့ Mobile Phone ထဲကနေအလွယ်တကူ ကြည့်လိုက်ရုံနဲ့တင် အဆင်ပြေနေပါပြီ။ ဒါကြောင့် iPhone အတွက် 2019 အကောင်းဆုံး Dictionary App တွေကို ဖော်ပြပေးချင်ပါတယ်…
ဒီ App ကတော့ App Store မှာ Top-rated စာရင်းဝင်ထားတဲ့ Dictionary App တစ်ခုဖြစ်ပါတယ်။ Dictionary တစ်မျိုးထဲ အသုံးပြုနိုင်တာမဟုတ်ပဲ Translate ပါလုပ်နိုင်တဲ့ App လည်းဖြစ်ပါတယ်။ Word တစ်ခုရဲ့ အဓိပ္ပါယ်တွေကို ဖော်ပြပေးရုံတင်မဟုတ်ပဲ Phrase တွေကိုပါ အဓိပ္ပါယ်ဖော်ပြပေးနိုင်ပါသေးတယ်။ ဒီ App က Online ကော Offline ပါအသုံးပြုနိုင်ပြီး App Store မှာ Free Download လုပ်ပြီး အသုံးပြုနိုင်ပါတယ်။
Dictionary and Thesaurus Pro
ဒီ App ဟာဆိုရင်လဲ App Store မှ Free Download လုပ်နိုင်တဲ့ အကောင်းဆုံး Dictionary နဲ့ Theasaurus App တစ်ခုဖြစ်ပါတယ်။ ဘာသာစကား ၁၃ မျိုးကို အဓိပ္ပါယ် ဖွင့်ဆိုပေးနိုင်တဲ့ အချက်က ဒီ App ရဲ့ အားသာချက် တစ်ခုဖြစ်ပါတယ်။ 2019 အကောင်းဆုံး Dictionary App တစ်ခု အဖြစ် ဒီ App ကိုလည်း ရွေးချယ်အသုံးပြုနိုင်ပါတယ်။
WordBook Dictionary
ဒီ App ကတော့ စာလုံးတစ်ခုရဲ့ အဓိပ္ပါယ်ကို မြန်မြန်ဆန်ဆန်ရှာဖွေချင်တဲ့သူတွေ အသုံးပြုသင့်တဲ့ Dictionary App တစ်ခုလို့ ပြောလို့ရပါတယ်။ Definition 22,000 ကျော်ပါဝင်တဲ့ App တစ်ခုဖြစ်ပြီး Spelling Checking ပါ Highlight လုပ်ပေးနိုင်ပါသေးတယ်။ Dictionary အပြင် Note Management ကိုပါလုပ်နိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ ဒီ App ကို App Store မှာ Free Download ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။
Advanced English Dictionary
ဒီ App ကတော့ English Dictionary ကောင်းကောင်းကို ရွေးချယ်နေတဲ့ iPhone User တစ်ယောက်အတွက် Download လုပ်ထားသင့်တဲ့ App တစ်ခုဖြစ်ပါတယ်။ ဒီ App မှာက Audio Pronunciation Support လုပ်ပေးတဲ့ Feature ကိုပါထည့်ပေးထားတဲ့အတွက် အဓိပ္ပါယ်တင်မဟုတ်ပဲ အသံထွက်ပါသိနိုင်တဲ့ အတွက် အင်္ဂလိပ်စာ လေ့လာနေတဲ့သူတွေလည်း ဆောင်ထားသင့်တဲ့ App တစ်ခုဖြစ်ပါတယ်။
ဒီ App တွေက iPhone အတွက် 2019 အကောင်းဆုံး Dictionary App စာရင်းဝင်ထားတဲ့ App တွေဖြစ်တဲ့အတွက် မိတ်ဆွေတို့အတွက် အကောင်းဆုံး အထောက်အပံ့ပေးနိုင်တာမို့ အသုံးပြုကြည့်ဖို့လည်း အကြံပြုပါတယ်။