24 Aug 2020
ဖုန်းတစ်လုံး လက်ထဲမှာရှိတဲ့ သူတိုင်း ဓာတ်ပုံတော့ ရိုက်ဖူးကြမှာပါ။ တချို့က ကိုယ့်ရဲ့ပုံကို ရိုက်ရတာ ကြိုက်သလို ရှုခင်းတွေ မြင်ကွင်းတွေကို ရိုက်ရတာ ကြိုက်တာတွေလည်း ရှိပါတယ်။ ဒီလို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရ ဓာတ်ပုံတွေလည်း အနည်းနဲ့အများတော့ ရှိမှာပါ။ မိသားစုနဲ့ အမှတ်တရတွေပဲဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ပဲ ဖြစ်ဖြစ်၊ ချစ်ရတဲ့သူနဲ့ပဲ ဖြစ်ဖြစ် ရိုက်ထားတဲ့ ဓာတ်ပုံတွေကို အမှတ်မထင်ဖြတ်လိုက်မိတဲ့ အချိန်တွေ ရှိဖူးမှာပါ။ ဒီလိုပျက်သွားတဲ့ ဓာတ်ပုံတွေကို အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ ပြန်ယူကောင်း ပြန်ယူနိုင်ပေမယ့်...အချိန်ကာလ ကျော်လွန်ခဲ့မယ်ဆိုရင် ပြန်ယူနိုင်ဖို့ ခက်ခဲသွားပါလိမ့်မယ်။ ဒီတော့ ကိုယ့်ဆီမှာ မရှိတော့တဲ့ ဓာတ်ပုံတွေကို Recover ပြန်လုပ်နိုင်မယ့် App အချို့ကို ဖော်ပြပေးသွားပါမယ်…
Restore Image
App ရဲ့ နာမည်အတိုင်း Android Device တွေထဲမှာ နာမည်အကြီးဆုံး Android Photo Recovery App တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒီ App ကို Google Play Store မှာ Download ရယူနိုင်ပါတယ်။ သူ့ရဲ့ ကောင်းတဲ့အချက်တစ်ခုက Image Format တိုင်းနီးပါးလောက်ကို Recover ပြန်လုပ်နိုင်ခြင်း ဖြစ်ပါတယ်။ ဒီ App က အသုံးပြုရတာ လွယ်ကူပြီး PC မပါပဲ ဖုန်းကနေတဆင့် Image တွေကို Recover လုပ်နိုင်ခြင်းကလည်း နောက်ထပ် အားသာချက် တစ်ခုပဲ ဖြစ်ပါတယ်။ Root နဲ့ Non-rooted Device ၂ မျိုးလုံးမှာ အသုံးပြုနိုင်ပါတယ်။
Dumpster
ဒီ App ကတော့ Image Recovery App တော့မဟုတ်ပါဘူး။ ဒါပေမယ့် Android Device တွေအတွက် Recycle Bin တစ်ခုလိုမျိုး အသုံးဝင်တဲ့ App တစ်ခု ဖြစ်ပါတယ်။ ကိုယ့်ဖျက်လိုက်တဲ့ Image တွေ File တွေကို ဒီ App ထဲမှာ ပြန်ပြီး Recover လုပ်လို့ ရပါတယ်။ ဒီ File တွေတင်မဟုတ်ပဲ Midea File တွေကိုပါ Restore လုပ်နိုင်ပါတယ်။
DiskDigger
ဒီ App နောက်တစ်ခုကတော့ Android Device တွေမှာ Photo Recover အကောင်းလုပ်နိုင်တဲ့ App တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ App ရဲ့ အားသာချက် တစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် Device ထဲမှာရှိတဲ့ Image တွေသာမက SD Card တွေထဲမှာ ရှိတဲ့ File တွေကိုပါ Scan ဖတ်ပြီး Recover လုပ်နိုင်ပါတယ်။ Deleted File တွေကို Recover လုပ်ပြီး Cloud Service ဆီသို့ တိုက်ရိုက် Transfer လုပ်နိုင်ပါသေးတယ်။
ဒီ Photo Recovery App တွေကို အသုံးပြုပြီး မိတ်ဆွေတို့ ဖုန်းတွေထဲမှာ မှားယွင်းဖျက်မိတဲ့ အမှတ်တရ ဓာတ်ပုံတွေ၊ တန်ဖိုးမဖြတ်နိုင်တဲ့ ဓာတ်ပုံတွေကို ပြန်ပြီး Recover လုပ်နိုင်မယ့်လို့ မျှော်လင့်မိပါတယ်။