31 Mar 2020
လက်ရှိကာလမှာ Audience တွေအနေနဲ့ ဆိုင်တွေ၊ Company တွေမှာ Product ဝယ်ယူတာတွေ၊ Service ယူဆောင်တာတွေကို လူကိုယ်တိုင်သွားပြီး စုံစမ်းဝယ်ယူဖို့ဆိုတာ စွန့်စားရာအလွန်ရောက်ပါတယ်။ ဒါကြောင့် Audience က ကိုယ်လုပ်ချင်တဲ့ အရာတစ်ခုခုအတွက် အင်တာနက်ပေါ်ကနေရှာဖွေမှာပဲ ဖြစ်ပါတယ်။ Audience တွေရဲ့ လိုအပ်ချက်ကို အင်တာနက်ပေါ်မှာတွေဖို့ အတွက်ကတော့ သင့်လုပ်ငန်းမှာ Website ရှိထားခြင်းက အခြားသူတွေထက် တစ်ပန်းသာစေပါတယ်။ သင့်လုပ်ငန်းအတွက် Website ဆောက်ပြီး လုပ်ကိုင်မယ်ဆိုရင်တော့ သိထားသင့်တဲ့အချက်တွေရှိပါတယ်။ ဒီအချက်တွေက ဘာတွေလဲဆိုရင်တော့...
Social media link
Call to Action
Features and benefits
Signup Form
အောင်မြင်တဲ့ Website တစ်ခုရဲ့ Home Page Design အတွက်ဆောင်ရန် အချက်တွေကတော့…
– Call to Action ကိုသိသာ ထင်ရှားတဲ့ ပုံစံထားပေးဖို့ လိုအပ်ပါတယ်။ အမှန်တကယ်စိတ်ဝင်စားတဲ့ Visitor က သင့်ရဲ့ Website ထဲမှာပိုပြီး သိချင်တဲ့ အကြောင်းအရာတွေ ရှိခဲ့ရင် လွယ်လွယ်ကူကူ ဝင်ရောက်နိုင်စေခြင်းက Website Traffic အတွက် အများကြီးသက်ဆိုင်တဲ့ အတွက် Home Page မှာ Call to Action Button ကို သိသာထင်ရှားအောင် ထားပေးဖို့ လိုအပ်ပါတယ်။
– သင့် Brand တွေအတွက်ပိုပြီး Strong ဖြစ်စေချင်တယ်ဆိုရင် အတွင်း Page တွေမှာ သုံး Color Pattern က Website Home Page Layout က Color Pattern နဲ့ ကိုက်ညီ ဆက်စပ်နေဖို့ လိုအပ်ပါတယ်။
– Viewers တွေ Trust ဖြစ်စေမယ့် Home Page Layout တစ်ခု တည်ဆောက်ခြင်းကလည်း Engagement ရရှိစေအောင် Highlight လုပ်ပေးနိုင်မယ့် အချက် တစ်ချက်လည်း ဖြစ်ပါတယ်။
– Viewer တွေ Sign Up လုပ်ချင်စိတ်ကို ဖြစ်ပေါ်စေမယ့် ခိုင်လုံတဲ့ Reason နဲ့ Home Page Design ဖြစ်ဖို့ လိုအပ်ပါတယ်။
– ချိတ်ဆက်ထားတဲ့ Social Media Link တွေကို Home Page ရဲ့ Footer မှာထားပေးဖို့ လိုအပ်ပါတယ်။
အောင်မြင်တဲ့ Website တစ်ခုရဲ့ Home Page Design အတွက်ရှောင်ရန် အချက်တွေကတော့…
– Home Page မှာ Call to Action မထားပေးပဲ Product ကိုတိုက်ရိုက်ရောင်းတဲ့ Action တွေကို ရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်။
– Home Page Layout မှာ Viewer တွေကို Boring ဖြစ်စေမယ့်အရာ၊ စိတ်ရှုပ်ထွေးစေမယ့် အရောင်တွေအများကြီး သုံးထားတာတွေ Font Style (၂) မျိုးထက်ပိုပြီး သုံးထားတွေ၊ Color တွေကို (၃) ရောင်ထက်ပိုပြီး သုံးထားတဲ့ Design တွေကို ရှောင်ကျဉ်ပါ။
– Viewer တွေစိတ်ပျက်သွားစေမယ့် ရှေးရိုးစွဲ Sign Up ပုံစံတွေကို ရှောင်ကျဉ်ပါ။
– နောက်ဆုံးတစ်ချက် အနေနဲ့ Social Media Link တွေကို Website Home Page ရဲ့ Header မှာထားချင်းကို အထူးရှောင်ကျဉ်ပါ။
ဒီအချက်တွေကတော့ စီးပွားရေးလုပ်ငန်းတွေကို Website တည်ဆောက်ပြီး လုပ်ကိုင်မယ်ဆိုရင်သိ ထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် Home Page Design တွေပဲ ဖြစ်ပါတယ်။