08 Feb 2018
Customer Service က လုပ်ငန်းတိုင်းအတွက် မရှိမဖြစ်အရေးကြီးပါတယ်။ လုပ်ငန်းတွေရဲ့ တန်ဖိုး Value ကို မြှင့်တင်ပေးနိုင်တဲ့ Value Creation Process ရဲ့ Activity တစ်ခုဖြစ်ပါတယ်။ သင်ရောင်းချနေတဲ့ Product သို့မဟုတ် Service ဘယ်လောက် ကောင်းကောင်း Customer Service ကောင်းကောင်း မပေးနိုင်ရင် သင့်ဆီမှာဝယ်ဖို့ Buying Decision ရဖို့ အခွင့်အရေး တော်တော်နည်းတယ်လို့ ပြောလို့ရပါတယ်။ Customer Service အတွက် မဖြစ်မနေ လိုက်နာဆောင်ရွက်သင့်တဲ့ အရာများကို စုစည်းတင်ဆက်လိုက်ပါတယ်။
ဘယ်လို Relationship မျိုးမှာဖြစ်ဖြစ် လေးစားမှုက မရှိမဖြစ် စံနှုန်းတစ်ခုပါ။ Customer ဆိုတာ သင့်လုပ်ငန်းနဲ့ ရေရှည် Relationship ဆောက်တည်ရမယ့် လူမျိုးပါ။ Customer ကို လေးစားစွာ ဆက်ဆံရန် အရေးကြီးပါတယ်။
ရိုးသားပါဆိုတဲ့နေရာမှာ သတိထားသင့်တာက သင့်လုပ်ငန်းကို အဖျက်ဆီးနိုင်ဆုံးအချက်က ကတိပျက်ခြင်းပါ။ သင့်လုပ်ငန်းကမပေးနိုင်တဲ့ Service ၊ Product တွေကို Customer Service လူက ပိုပြောမိတာ Over Promise ပေးမိတဲ့ အတိုင်း သင်မဆောင်ရွက်ပေးနိုင်တဲ့အခါ ကတိပျက်ရာရောက်ပါတယ်။ ဒါကြောင့် လုပ်ငန်းအကြောင်း ရှင်းပြရာမှာ အလုံးစုံရိုးသားဖို့ လိုပါတယ်။
သင့်လုပ်ငန်းက တကယ့်ကို Professional ဆန်တဲ့ လုပ်ငန်းဖြစ်ဖို့က တာဝန်ယူမှုရှိဖို့လိုပါတယ်။ သင့်လုပ်ငန်းမှာ Customer တွေ complain တက်တဲ့ ပြသနာတွေ Negative Feedback တွေကို ပြေလည်အောင် ကိုင်တွယ်ဖြေရှင်းပေးဖို့လိုပါတယ်။ Customer Service ဆိုတာ ကုမ္ပဏီရဲ့ Front-Line က Representative တွေဖြစ်ပါတယ်။ ဘယ်နေရာမှ ဘယ်လို ပြသနာတက်တက် Customer Service က ကျေနပ်အောင် အရင် ဖြေရှင်းပေးရမှာပါ။ လိုအပ်ပါက အလျှင်အမြန် တောင်းပန်ပြီး ပြေလည်အောင် ဖြေရှင်းပေးရပါမယ်။
သင့်ကိုယ်သင် Customer နေရာကနေ အမြဲဝင်ကြည့်ပါ။ သင့်ကို စိတ်ကျေနပ်မှု မပေးနိုင်တဲ့သူဆီမှာ သင် Product/ Service ကို ဝယ်ချင်မှာ မဟုတ်ပါဘူး။ ဝယ်ဖြစ်မှာလည်း မဟုတ်ပါဘူး။ Customer ကို ပြောဆိုဆက်ဆံရာမှာ အထိုက်အလျောက်တော့ နှိမ့်ချဆက်ဆံဖို့လိုပါတယ်။
ကျေးဇူးတင်စကားပြောခြင်းဟာ သင့် Customer တွေ စိတ်ကျေနပ်စေပြီး သင့် Brand ရဲ့ Loyal Customer တွေရရှိစေမှာပါ။ ကျေးဇူးတင်စကားတစ်ခွန်းအတွက် သင့်ရဲ့အားစိုက်ထုတ်မှု အများကြီးမလိုအပ်ပါဘူး။ ဒါပေမယ့် Customer တွေ သင့်ရဲ့ Product သိုမဟုတ် Service ကို ရွေးချယ်ဖို့ အလွန်ကြီးမားတဲ့ သက်ရောက်မှုမျိုးရမှာပါ။
ဒီနေ့ခေတ်မှာ Customer Service ဆိုတာ Digital Marketing နဲ့ တွဲလျက်ပါဝင်နေပါတယ်။ သင့်လုပ်ငန်းရဲ့ Digital Platform ကနေ အချိန်ကုန်သက်သာစွာ စရိတ်သက်သာစွာ Customer Service ပေးနိုင်ပါတယ်။ သင့်လုပ်ငန်းအတွက် Customer Service အချိန်ပြည့် ကိုယ်တိုင်မလုပ်နိုင်တဲ့ အခက်အခဲတွေရှိရင် ကျွန်တော်တို့ SEOMyanmar မှာ SEO, SEM, Facebook Advertising, GDN & Remarketing, Youtube Advertising, Website Design & Development စတဲ့ Service အကုန်လုံး အပြင် Customer Service ပါ အာမခံချက်အပြည့်နဲ့ တစ်နေရာထဲမှာ One Stop Service ဝန်ဆောင်မှုပေးနေတဲ့အကြောင်း သတင်းကောင်းပေးချင်ပါတယ်။
Ref: Provide Support LLC