29 Jun 2020
တစ်နေ့က တင်လိုက်တဲ့ Poll မှာ Content Marketing နဲ့ Content Strategy ကိုတူတယ်လို့ဖြေတဲ့သူတွေတွေ့ ရတဲ့အတွက် ဒီနေ့မှာ Content Marketing နဲ့ Strategy ရဲ့ခြားနားချက်တွေကိုဖော်ပြပေးသွားမှာပါတယ်။
Content Marketing မှာပါဝင်နေတာတွေကတော့...
-Engagement ကောင်းကောင်းရဖို့အတွက် Content Creation လုပ်ပြီး Awareness ပိုမိုရရှိဖို့အတွက်လည်း Content ကောင်းတွေနဲ့ဆွဲဆောင်ဖန်တီးခြင်း
-အလားအလာရှိတဲ့ Channel တွေကနေတစ်ဆင့် Content တွေကိုဖြန့်ဝေပြီး ROIs ပိုမိုရရှိဖို့ အတွက်ထောက်ပံ့ပေးခြင်း
-Content တွေဖန်တီးပြီး Customer relationship ကောင်းရရှိစေခြင်း စတာတွေပဲဖြစ်ပါတယ်။
-Content Strategy မှာပါဝင်တာတွေကတော့
-Product နဲ့ Service တွေအတွက် လိုအပ်ချက်နဲ့အညီ Content တွေကို စီစဥ် ဖန်တီး မှုပြုလုပ်ပေးခြင်း
-စျေးကွက်နဲ့ Business goal အပေါ်မူတည်ပြီး Content တွေကိုဖန်တီးခြင်း
-Content တွေဖန်တီးဖြန့်ဝေမှုတဲ့အခါမှာလဲ စောင့်ကြည့်လေ့လာပြီး Response တွေကိုပြန်လည်သုံးသပ်ခြင်း
-Content Performance တွေကိုအကဲဖြတ်ပြီးနောက်လာမဲ့ Content တွေဖန်တီးရာမှာအသုံးပြုဖို့အတွက် ထိန်းသိမ်းထားရှိခြင်း တို့ပဲဖြစ်ပါတယ်။
အချုပ်ဆိုရရင် Content Marketing ဆိုတာကတော့ ဝယ်လိုအားကိုရောင်းအားအဖြစ်ဘယ်လို Content တွေဖန်တီးရမလဲကိုသေချာသိပြီးသားဖြစ်ပြီး Content Strategy ဆိုတာကတော့ Business ပေါ်မူတည်ပြီး Content တွေကိုဖန်တီးထုတ်လုပ်ရတာဖြစ်ပါတယ်။မည်သို့ပင်ဆိုစေကာမူ နှစ်ခုလုံးက ထိရောက်တဲ့ Business ဖြစ်လာဖို့အတွက် လိုအပ်ပြီး ရောင်းအားတိုးတက်ပြီး နဲ့ Business ချဲ့ထွင်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။