12 Mar 2021
ဒီတစ်ခေါက်မှာ Image Sharing နဲ့ Social Media Platform တစ်ခုဖြစ်တဲ့ Pinterest မှာ Story Pin နဲ့ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်အလက်အချို့ကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ Story Pin တင်တော့မယ်ဆိုရင် ဒီအတိုင်းတင်တာထက် ဆောင်ရန်ရှောင်ရန် အချက်တွေကို သိထားမယ်ဆိုရင်တော့ မိတ်ဆွေတို့ တင်လိုက်တဲ့ Story Pin တွေက ပိုပြီး ထိရောက်မှုရှိလာပါလိမ့်မယ်။ ဆောင်ရန်ရှောင်ရန် အချက်တွေက ဘာတွေလဲဆိုရင်တော့ အောက်မှာ ဖော်ပြလိုက်ပါမယ်…
ဆောင်ရန်အချက်များ
-မိတ်ဆွေတို့ရဲ့ First Page မှာ Video နဲ့စတင်ထားခြင်းက သင့်ရဲ့ Story Pin ကိုထင်ရှားစေပါတယ်
-Color နဲ့ Font ကိုသေချာအသုံးပြုပါ
-Information သေချာစေဖို့အတွက် Text နဲ့ Topic Tag များကို သေချာရေးပေးပါ
ရှောင်ရန်အချက်များ
-Story Pin ကို Pinterest ထဲမှာတင်ပါ။ အခြားနေရာတွေကနေ Upload လုပ်ခြင်းကို လုံးဝရှောင်ကျဥ်ပါ
-သင်လုပ်ဆောင်မယ့်အရာတွေကို Quality Checking လုပ်ဖို့ လုံးဝ မမေ့ပါနဲ့
-သင့်ရဲ့ ကိုယ်ပိုင် Content မဟုတ်တာတွေကို လုံးဝ မတင်မိပါစေနဲ့
ဒီအချက်တွေက အပန်းကြီးစရာ အချက်တွေ မဟုတ်တဲ့အတွက် မိတ်ဆွေတို့ Pinterest မှာ Story Pin တော့မယ်ဆိုရင် ဒီအချက်တွေကို ဂရုပြုပြီး တင်ခြင်းက သင့်ရဲ့ Story Pin ကို ပိုပြီး ထိရောက်စေမှာ ဖြစ်ပါတယ်။