06 Jul 2019
Email Marketing ကတော့ Digital Marketing နယ်ပယ်ထဲမှာ ပါဝင်တဲ့ Marketing နည်းလမ်း တစ်မျိုးဖြစ်ပြီး သင် Advertise လုပ်ချင်တဲ့ Product/Service Information တွေကို အချိန်တိုအတွင်းမှာ Audience တွေ ဆီကို အရေအတွက်များစွာ Email ပို့ပြီး Advertise လုပ်တဲ့ Marketing တစ်မျိုးဖြစ်ပါတယ်။ ဒီနည်းလမ်းက အကျိုးသက်ရောက်မှု ရှိ/မရှိကိုတော့ အောက်မှာ ဖော်ပြပေးမယ် အချက်တွေမှာ သိရှိနိုင်ပါတယ်…
· 82% သော B2C, B2B Business တွေဟာ Email Marketing ကိုအသုံးပြုကြပါတယ်
· Mobile Device တွေကနေ Email လက်ခံ ကြည့်ရှုနှုန်းဟာ 53% အထိရှိပါတယ်
· Email Marketing က Facebook နဲ့ Twitter တို့ထက် Customer ရရှိနိုင်နှုန်း အဆ 40 ပိုများပါတယ်
· Email Marketing ရဲ့ ROI ဟာ အခြားသော Advertising Channel တွေထက် အဆပေါင်းများစွာ သာပါတယ်
· Open Rate အများဆုံးရရှိဖို့ အတွက် Company တွေက တစ်လကို Advertising Email နှစ်စောင်ပို့ကြပါတယ်
· Email မှာပါတဲ့ Information တွေက အခြား Social Media Advertising က Information ထက် 5ဆပိုပြီး ကြည့်ရှုခံရပါတယ်
· 92% သော လူငယ်တွေက Email အသုံးပြုပြီး၊ အသက်အရွယ်အားလုံး အနေနဲ့ကတော့ 52% အသုံးပြုကြပါတယ်
· Email Subscriber တွေ Social Media ပေါ်မှာပြန် Share တဲ့ Content တွေက အခြား Source တွေက Content တွေကို Share ခြင်းထက် 3 ဆပိုပါတယ်
· 74% သော Marketer တွေပြောကြားချက်အရ Email Marketing က Customer Engagement အတွက် သင့်တော်တဲ့ Marketing နည်းလမ်း ဖြစ်ပါတယ်
ယခုဖော်ပြပေးခဲ့တဲ့ အချက်တွေကတော့ လက်ရှိအချိန်ထိ အသုံးဝင်နေဆဲ Email Marketing ရဲ့ Stats ဖြစ်ပါတယ်။ လူကြီးမင်းတို့ စီးပွားရေးလုပ်ငန်းတွေ အတွက်လည်း Email Marketing ကိုအသုံးပြုကြည့်ဖို့ အကြံပြုပါတယ်။