24 Jan 2021
Social Media Messaging App တွေပေါ်လာတာနဲ့အမျှ အချို့သော Marketer တွေဟာ Email Marketing အပေါ် သံသယ ဝင်လာတဲ့အချက်ကတော့ Email Marketing ဟာထိရောက်သေးရဲ့လား အသုံးပြုသူနည်းသွားပြီလား စသဖြင့် မေးခွန်းတွေရှိလာပါတယ်။ဒါပေမဲ့ နောက်ဆုံး Email Marketing မှရတဲ့ အချက်အလက်တွေက ဒီသံသယ တွေကိုကောင်းကောင်းဖြေရှင်းသွားနိုင်ပါတယ်။
လေ့လာချက်တွေအရ 2018 မှာ ကမ္ဘာတစ်ဝှမ်း Email User ပေါင်း 3.8 Billion ရှိပါတယ်။ ဒါဟာတခြားသော Social Media တွေကိုအသုံးပြုသူ User ပမာဏထက်သာလွန်ပါတယ်(2018မှာ ကမ္ဘာတစ်ဝှမ်း Social Media User ပေါင်း 2.3 billion အထိရှိ) ။ ဒါ့အပြင် 2023 မှာ User ပေါင်း 4.4 Million အထိရှိလာဖို့လည်းမျော်လင့်ထားကြပါတယ်။ ဒါ့အပြင် 2018 မှာ နေ့စဉ်ပေးပို့ရရှိတဲ့ Email အစောင်ရေ အရေအတွက်ဟာ 280 Billion ရှိနေပါတယ်။ ဒီအချက်တွေကိုကြည့်ခြင်းဖြင့် Email Marketing ဟာကမ္ဘာ တစ်ဝှမ်းသုံးစွဲသူအခိုင်အမာနဲ့ ဆက်လက်ရပ်တည်နေပြီး ဈေးကွက်ကျယ်ပြန့်တဲ့အပြင် Audience ကောင်းတွေရရှိဖို့အတွက်ယခုချိန်ထိ ရွေးချယ်သင့်တဲ့ Platform တစ်ခုပဲဖြစ်ပါတယ်။ 99% သော Email User တွေဟာနေ့စဉ် သူတို့ရဲ့ Inbox ကို အခြေခံအားဖြင့်တော့ Check လုပ်လေရှိပါတယ်။
ဒါကြောင့် Social Media Messaging App တွေဘယ်လောက်များများပေါ်နေပါစေ Email ကနေပြီးတော့ပေးပို့တဲ့ Update News တွေ ကိုတော့အမြဲ စစ်ဆေးသုံးဆွဲနေကြပါတယ်။ လုပ်ငန်းခွင်မှာဆိုလဲ အခြား Messaging App တွေထက် ယခုထိ Email ကိုပဲအလေးထားသုံးစွဲနေကြဆဲပါ။ ဒီအချက်တွေကိုထောက်ခြင်းအားဖြင့် Email ဟာ Popular Communication Tool တစ်ခုအနေနဲ့ ကမ္ဘာတစ်ဝှမ်း Internet User တွေအသုံးပြုနေကြဆဲဆိုတာ ပေါ်လွင်စေပါတယ်။