logo
myanmar
Engagement Strategy အတွက်ထိရောက်တဲ့ Channel ၆ ခု

Engagement Strategy အတွက်ထိရောက်တဲ့ Channel ၆ ခု

19 May 2020

Social Media ခေတ်ရောက်ရှိလာတာနဲ့အတူ လူတွေရဲ့ Shopping Habits အပြင် Marketing နည်းလမ်းတွေပါလိုက်ပြီးပြောင်းလဲလာပါတယ်။ဒါကြောင့် Social Media Channel တစ်ခုထဲမှာ Marketing ပြုလုပ်ခြင်းထက် သင့်ရဲ့ Customer တွေကို Multiple Channel တွေကနေတစ်ဆင့် Engage လုပ်ခြင်းဟာ ပိုမိုထိရောက်ပါတယ်။ ဒါပေမဲ့ ထိရောက်တဲ့ Channel တွေကိုရွေးချယ်အသုံးပြုပြီး User တွေ ကိုဆွဲဆောင်ဖို့တော့လိုပါတယ်။ အဲ့ဒါကိုတော့ Omnichannel Engagement Strategy လို့ခေါ်ပါတယ်။ အဆိုပါ Strategy ထဲမှာ App Strategy (App Messaging) တွေမှတစ်ဆင့် Marketing ပြုလုပ်ခြင်းကနေ SMS ပို့တာတွေအထိပါဝင်ပါတယ်။

အခုပြောပြမှာကတော့ Omnichannel Engagement အတွက်ထိရောက်တဲ့ Engagement Channel (၆) ခုကို ဖော်ပြပေးပါမယ်။
1.In-app Messaging
2.Push Notifications
3.In Browser Messaging
4.Web Push Notifications
5.Email
6.SMS စတာတွေပဲဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ Engagement Channel 6 ခုကို Category (၂) ခုပြန်ခွဲ လို့ရပါသေးတယ်။

အဲ့ဒါကတော့ In-App Strategy နဲ့ Outside-Of-The-App-Strategy ဆိုပြီးဖြစ်ပါတယ်။

-In-App Strategy

In-App Strategy ဆိုတာ ရှင်းအောင်ပြောရမယ်ဆိုရင် Marketing Campaign တစ်ခုကို Application ဒါမှမဟုတ် Website ရဲ့အတွင်းမှာ ပေါ်ပေါက်အောင်ပြုလုပ်တဲ့ Strategy ကိုခေါ်တာပါ။ များသောအားဖြင့် Text တွေနဲ့ဖော်ပြပြီး In-App strategy တွေရဲ့ Goal ဟာများသောအားဖြင့် Engagement အတွက်နဲ့ Conversion တိုးတက်ဖို့အတွက်ထိရောက်တဲ့ Strategy တွေပဲဖြစ်ပါတယ်။ In-App strategy ထဲမှာပါဝင်တဲ့ Engagement Channel နှစ်ခုကတော့ In-App Messaging နဲ့ In-Browser Messaging တို့ပဲဖြစ်ပါတယ်။

-Outside-Of-The-App-Strategy

Outside-Of-The-App-Strategy ဆိုတာဟာ App ရဲ့ပြင်ပမှာလုပ်ဆောင်တဲ့ Marketing Campaign တွေကိုခေါ်တာဖြစ်ပါတယ်။ Marketer တွေ Developer တွေဟာ Website Or Application နဲ့ သက်ဆိုင်တဲ့ Update တွေ အရေးကြီးတဲ့သတင်းအချက်အလက်တွေကို User တွေကို App Or Website ဆီသို့ပြန်လာစေရန် ခေါ်တဲ့အချိန်မှာသုံးတာမျိုးပါ။

Outside-Of-The-App-Strategy မှာပါဝင်တဲ့ Engagement Channel တွေကတော့…

-Push Notifications
-Web Push Notification
-Email
-SMS စတာတွေပဲဖြစ်ပါတယ်။

အခုလောက်ဆို Omnichannel Engagement ဆိုတာကိုတော့ အကြမ်းသဘောလောက်တော့ နားလည်သွားလောက်ပီထင်ပါတယ်။ နောက်ပိုင်းမှာ အသေးစိတ်ကိုထပ်ပြီး Sharing လုပ်ပေးသွားဦးမှာမို့ ဆက်လက်အားပေးကြပါဦးဗျာ။


Recent posts