02 Dec 2018
Facebook ဟာ eCommerce Tool တွေအတွက် Facebook Live Mode ကိုစမ်းသပ်နေပြီး အဆိုပါ Mode မှာ Facebook မှတစ်ဆင့် ရောင်းတဲ့ Seller တွေအတွက် သူတို့ရဲ့ Page Live Stream ကနေတစ်ဆင့် Product တွေဖော်ပြလို့ရမယ်လို့ဆိုပါတယ်။အဆိုပါ Live stream ကိုကြည့်ရှုတဲ့ Viewer တွေအနေနဲ့လဲ မိမိနှစ်သက်တဲ့ Product ကို Screenshot ပြပြီးတစ်ခါထဲဝယ်ယူရရှိစေရန် စမ်းသပ်နေပါတယ်။Facebook ကအသေးစိတ်အကျယ်တဝင့်မဖော်ပြထားသေးပေမဲ့ တကယ်စိတ်ဝင်စားစရာကောင်းတဲ့ Mode တစ်ခုလို့ဆိုရမှာပါ။
အဆိုပါ Option ကို Page ထဲမှာ 'Shop' ဆိုတဲ့ Facebook Extension အနေနဲ့ပါဝင်လာဖို့ရှိပြီး Business တွေအနေနဲ့လဲသူတို့ရောင်းချနေတဲ့ Product တွေကို List လုပ်လို့ရမှာဖြစ်တဲ့အတွက် တကယ်ကိုအဆင်ပြေစေမှာပါ။ Screenshot နဲ့ဝယ်ယူလို့ရအောင်တော့ Broadcast လုပ်နေစဉ်အချိန်တွင်းမှာ Tap ပြုလုပ်လို့ရစေမဲ့ Button ထည့်သွင်းသွားမဲ့ပုံစံမျိုးဖြစ်လာနိုင်ပါတယ်။ ဒီအချက်တွေဟာ Facebook Engagement အတွက်အကျိုးများစွာရှိမဲ့အပြင် eCommerce အတွက်အတွေ့အကြုံတွေရရှိစေဖို့ထည့်သွင်းတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ဒီစမ်းသပ်မှုသာအမှန်တကယ်အကောင်အထည်ပေါ်လာရင်တော့ Business သမားတွေအတွက်တော့ တကယ်ကိုအကျိုးထူးစေမဲ့ Live video mode တစ်ခုဖြစ်လာမှာပါ။
Ref-socialmediatoday