15 Nov 2018
Facebook ဟာပြီးခဲ့တဲ့ April လက User တွေရဲ့ အကြံပေးမှုတွေ၊ Feedback တွေကို အကောင်အထည်ဖော်ပေးဖို့အတွက် Messenger Option အသစ်တစ်ခုကိုထည့်သွင်းဖို့အတွက် ပြုလုပ်နေပါတယ်။ User
တွေတောင်းဆိုထားတဲ့ အချက်လေးတွေကတော့ Messenger မှာ Conversation အမှားတွေပို့ခဲ့မိ ပြန်ပြီး
Remove လုပ်နိုင်အောင်ပဲဖြစ်ပါတယ်။ User အရေအတွက် အများအပြားကလည်း ထိုနည်းတူစွာ တောင်းဆိုခဲ့ကျတဲ့ အတွက် Facebook ဖက်မှ Messenger Option အသစ်တစ်ခု ဖြစ်လာမဲ့ ‘Unsend’ Option ကို
Update တစ်ခုအနေနဲ့ပြုလုပ်နေပြီလို့လည်း သိရှိရပါတယ်။
Facebook ရဲ့ ထုတ်ပြန်ချက်အရဆိုရင်တော့ ဒီ Update လေးအတွက် Developing လုပ်ဖို့ အတွက်အချိန်ပေးဖို့လိုအပ်ပါတယ်လို့ သိရှိရပါတယ်။ Developing ကာလပြီးလို့ Update ထွက်လာခဲ့မယ်ဆိုရင်တော့ User တွေအနေနဲ့ Messenger အသုံးပြုနေတဲ့ အချိန်အတွင်းမှာ မှားယွင်းတဲ့ Conversation တစ်ခုခု၊ ဒါမှမဟုတ်အရေးကြီးတဲ့ Conversation တွေကို User မှားပို့မိတာဖြစ်ဖြစ် အစရှိတဲ့ အမှားတွေဖြစ်ခဲ့မယ်ဆိုရင်တော့ Remove ဆိုတဲ့ Option လေးနဲ့ ပြန်ဖျက်ပစ်နိုင်မှာဖြစ်ပါတယ်။ သတိထားသင့်တဲ့ အချက်တစ်ချက်တစ်ချက်ဆိုရင်တော့ ဒီလို Conversation တွေကိုပြန်ဖျက်ပစ်နိုင်ဖို့ဆိုရင် အချိန် ၁၀ မိနစ်မကျော်သွားဖို့တော့လိုအပ်ပါတယ်။ ဒီ Update လေးထွက်လာခဲ့မယ်ဆိုရင်တော့ မမှားသင့်တဲ့ Conversation တွေ၊ ထိခိုက်နစ်နာမှုတွေဖြစ်ပေါ်လာနိုင်တဲ့ Conversation တွေကို မှန်ကန်တဲ့ Conversation အဖြစ်ပြန်လည်ပြင်နိုင်မှာဖြစ်ပါတယ်။
Ref - socialmediatoday