02 Jan 2021
အခုလို နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အရာရာကို စတင်နေတဲ့ အချိန်ကာလမျိုးမှာ ကိုယ့်ရဲ့ Personal Brand ကိုလည်း ပိုပြီး တိုးတက်လာအောင် လုပ်ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ Personal Brand ကို တိုးတက်လာစေနိုင်ဖို့အတွက် အသုံးဝင်နိုင်မယ့် Tips အချို့ကို ဖော်ပြပေးလိုက်ပါတယ်…
- သင့်ရဲ့ Passion နဲ့ သင်ဘာကို အမှန်တကယ် စိတ်ဝင်စားလည်းဆိုတာကို အရင်ဆန်းစစ်ပါ။ သင်လုပ်ရမယ့် အရာတွေက သင်နှစ်သက်တဲ့ အရာဆိုရင် သင်အတွက် ပိုပြီး အလုပ်လုပ်ရတာ Productive ပိုဖြစ်စေပါတယ်။
- မှန်ကန်တဲ့ Audience Target ကိုသေချာရွေးချယ်ပါ။ သင့်လုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ Audience Type ကိုရွေးချယ်မိမယ်ဆိုရင် အချိန်တွေသာကုန်သွားပြီး လုပ်ငန်းအပေါ် ထိရောက်မှု ရလဒ်ကောင်းတွေ ရရှိလာနိုင်မှာ မဟုတ်ပါဘူး။
- သင့်လုပ်ငန်းရဲ့ စစ်မှန်တဲ့ Brand တစ်ခုကို တည်ဆောက်ပါ။ ၈၆ ရာခိုင်နှုန်းသော ဝယ်ယူသူတွေဟာ စစ်မှန်တဲ့ Brand မျိုးတွေကို ပိုပြီး ဝယ်ယူအားပေးမှုနှုန်း များပါတယ်။
- Brand ကိုကြော်ငြာတဲ့ အခါမှာလည်း သင့်တော်တဲ့ Content မျိုးတွေကို ဖန်တီးပြီး ကြော်ငြာတာမျိုးက ပိုပြီးထိရောက်မှုရှိပါတယ်။
- နောက်ဆုံးတစ်ချက်ကတော့ သင့်ရဲ့ လုပ်ငန်းနဲ့ သင့်တော်မယ့် Internet Marketing Platform မျိုးကို မှန်မှန်ကန်ကန် ရွေးချယ်ပေးပါ။ ကိုယ့်လုပ်ငန်းအတွက် Audience အရေအတွက်နည်းမယ့် Internet Marketing Platform မျိုးမှာသွားပြီး Business Run နေမယ်ဆိုရင် ရသင့်တဲ့ ရလဒ်မျိုးကို အပြည့်အဝ မရပဲ လုပ်ငန်းတိုးတက်မှုနှုန်းကို နှေးသွားစေပါတယ်။
ဒီအချက်တွေကို သေချာလေ့လာသုံးသပ်ပြီး လုပ်ကိုင်မယ်ဆိုရင် သင့်အတွက် ခိုင်မာတဲ့ Personal Brand ကိုရရှိစေပြီး ရလဒ်ကောင်းတွေကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။